ယနေ့မှစကာ တစ်ဦးချင်းကားတင်သွင်းရန် ဘဏ်အကောင့်ဖွင့်တာကို ခတ္တရပ်ဆိုင်းသွားမည်

0

Full article


လူပုဂ္ဂိုလ်တစ်ဦးချင်း ကားတင်သွင်းမှူများကို ဒီဇင်ဘာ ၂ဝ ရက်မှစကာ ဘဏ်အကောင့်ဖွင့်တာကို ခတ္တရပ်ဆိုင်းသွားရန် ဘဏ်များကို အကြောင်းကြားလိုက်ပီ ဖြစိတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိကြီးတစ်ဦးကပြောပါတယ်။တစ်ဦးချင်းကားတင်သွင်းမှူလျှောက်ထားတာကို ဒီဇင်ဘာ ၂ဝ ရက်နေမှစ၍ ဆောင်ရွက်ပေးတော့မည်မဟုတ်ပဲ ဘဏ်တွင်အကောင့်ဖွင့်လှစ်ခြင်းတို့ကိုလည်း ယာယီရပ်ဆိုင်းလိုက်ပီဖြစ်တယ်လို့သိရပါတယ်။

မှတ်ပုံတင်အဌားဖြင့်ကားပါမစ်လျှောက်ရာတွင်ပါမစ်မရရှိသဖြင့် ဘဏ်အကောင့်ပိတ်သိမ်းရန် နိုင်ငံခြားငွေထုတ်ယူရန်ဆောင်ရွက်နေသူ များပြားလာရာ အမေရိကန်ဒေါ်လာဈေးနှူန်းမှာ ၁၄၂ဝ ပေါ်က်ဈေးရှိရာ ယနေ့ ၁၃၇ဝ မှ ၁၃၉ဝ အတွင်းဈေးပြန်လည်ကျဆင်းလာနေလျှက်ရှိနေတယ်လို့သိရပါတယ်။

တစ်ဦးချင်းကားတင်သွင်းမှူကို နီးစပ်ရာဘဏ်များတွင် အမေရိကန်ဒေါ်လာ ၅ဝဝဝ ဘဏ်အကောင့်ဖွင့်၍ဆောင်ရွက်ပီး ကားတင်သွင်းခွင့်လိုင်စင်လျှောက်ထားရတာဖြစ်တယ်လို့သိရပါတယ်။

ခေတ်သစ်

Author