၂ဝ၁၆ လိုင်စင် တစ်ဦးချင်းပါမစ်လျှောက်ထားခဲ့သူများကို မတ်လ အထိသက်တမ်းတိုးခွင့်ပြုပေးမည်

0

Full article

ပြီးခဲ့သည့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာလတွင် တစ်ဦးချင်းပါမစ်လျှောက်ထားခဲ့သူများကို မတ်လ အထိသက်တမ်းတိုးခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနက သိရပါတယ်။လူပုဂ္ဂိုလ်တစ်ဦးချင်းကားတင်သွင်းမှူလျှောက်ထားခဲ့သည့် ၂ဝ၁၆ လိုင်စင်များကို ပါမစ်လျှောက်ထားသည့်ရက်မှ သတ်မှတ်၍ မတ်လ ၁၇ ရက်နေ့အထိ သက်တမ်းတိုးလာရောက်လျှောက်နိုင်တယ်လို့သိရပါတယ်။ သို့ရာတွင် တစ်ဦးချင်းလိုင်စင်ပါမစ်များကိုသာ သက်တမ်းတိုးခွင်င့်ပြုခြင်း ဖြစ်ပြီး ကားအရောင်းစင်တာများက လျှောက်ထားသည့် Consigniment လိုင်စင်များကို ခွင့်ပြုမှာမဟုတ်ဘူးလို့သိရပါတယ်။

၂ဝ၁၆ တစ်ဦးချင်းကားတင်သွင်းမှူလိုင်စင်ခွင့်ပြုပေးရာတွင် ၂ဝဝ၆ မိုဒယ်ကားများပါဝင်နေပီး သက်တမ်းတိုးခွင့်ပြုခြင်းကို ၃ လအထိ ခွင့်ပြုပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
Consigniment တင်သွင်းထားသောပါမစ်များနှင့်လုပ်ငန်းသုံးကားများဖြစ်တဲ့ ၂ဝဝ၆ မိုဒယ်ကားများကိုမူ သက်တမ်းတိုးခွင့်ရရှိတော့မည် မဟုတ်ကြောင်းသိရပါတယ်။ခေတ်သစ်

Author