ယာဉ်မရပ်ရနေရာများတွင် ရပ်နားထားသော ကားများကို ကရိန်းဆွဲယာဉ်ဖြင့်သာ ဆက်လက်အရေးယူမည်

0

Full article

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရနေရာများ သတ်မှတ်ထားသောနေရာတွင် ရပ်နားထားသောကားများကို ကရိန်းဆွဲယာဉ်ဖြင့်သာ ဆက်လက်အရေးယူမှာဖြစ်ပါတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန်က ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးလွတ်တော် တတိယပုံမှန်အစည်းအဝေး(၁၁)ရက်မြောက်နေ့တွင် သင်္ယန်းကျွန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)လွတ်တော်ကိုယ်စားလှယ် ဦးနေမျိူးကျော်(ခ)ဦးနေဘုန်းလတ်မှ ရန်ကုန်တိုင်းဒေသကြီးတွင် အလုပ်မဖြစ်သောကရိန်ဆွဲစနစ်အား သော့ခတ်ပြေစာစနစ်ပြောင်းလဲသွားရန်အစီအစဉ်ရှိမရှိမေးခွန်းနဲ့ပက်သက်၍ မြို့တော်ဝန်ဦးမောင်မောင်စိုးမှ ကျွန်တော်တို့လည်းအဲဒီအစီစဉ်ကိုဖျက်ဖို့ကြိုးစားချင်ပါတယ်။တစ်ချိူ့ကျတော့လည်းကရိန်းနဲ့ဆွဲသွားတာတောင် ပြန်မရွေးတဲ့ကားတွေအများကြီးရှိပါတယ်။ဒီလိုသာသော့နဲ့ခတ်ထားမယ်ဆိုရင် လာမရွေးရင်လည်း ပိတ်တာပဲအဖတ်တင်သွားမယ်။အဲဒီထက်ကောင်းတဲ့ကိစ္စလုပ်ဖို့သက်ဆိုင်တဲ့ဌာနတွေနဲ့တိုင်ပင်နေပါတယ်။ကရိန်းဆွဲတာလည်းဟုတ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းခံစားနေရပါတယ်။ဒါပေမယ့်သော့ခတ်စနစ်လည်းမရပါဘူး။တမင်တကာလာထားသွားသလားတောင်ထင်ရပါတယ်။

သူ့ကိုသော့ခတ်ပီးထိန်းသိမ်းနေရင်လမ်းစရိတ်ပါပိုကုန်သွားပါလိမ့်မယ်။လောလောဆယ်တော့ ဆွဲတာအကောင်းဆုံးပါပဲလို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

ရန်ကုန်မြို့တွင် ယာဉ်မရပ်ရနေရာ ၁ဝဝကျော်ရှိနေရာ

ထိရောက်စွာဖမ်းဆီးခြင်းကိုအားနည်းနေသေးပီး ကရိန်ဆွဲခံရသောကားများပျက်စီးမှူရှိနေတယ်လို့သိရပါတယ်။

ခေတ်သစ်

Author