မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြား သမိုင်းတွင် ကျန်ရစ်စေမည့် အိန္ဒိယ မှ မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ဒီဇယ်များ စတင်တင်ပို့

0

Full article

Zawagyi Version

အိန္ဒိယနိုင်ငံမှ သမိုင်းဝင် ပထမဦးဆုံး တင်ပို့သော မြန်နှုန်းမြင့်ဒီဇယ်ကုန်စည်မှာ မြန်မာနိုင်ငံသို့ စက်တင်ဘာ ၃ တွင် ရောက်ရှိခဲ့သည်ဟု ပါရမီစွမ်းအင်လုပ်ငန်းမှ CEO ဦးကံထွန်းက ပြောကြားသွားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ Numaligarh ဒီဇယ်သန့်စင်စက်ရုံများ (သို့မဟုတ်) NRL နှင့် အကျိုးတူပူးတွဲဆောင်ရွက်ရေး သဘောတူညီချက်အရ ပါရမီစွမ်းအင်လုပ်ငန်းက ဒီဇယ်များကို တင်သွင်း သွားမည်ဟု ဦးကံထွန်းက ဆိုသည်။

ယာဉ်တစ်စီးဆီတွင် မြန်နှုန်းမြင့်ဒီဇယ် (high speed diesel) ဂါလံ ၄ဝဝဝ တင်ဆောင်လာသော ထရပ်ယာဉ်နှစ်စီးသည် အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၊ မိုရီမြို့သို့ စက်တင်ဘာ ၃ တွင် ရောက်ရှိခဲ့သည်။

"အဲ့ထရပ်ယာဉ်တွေကို တမူးမြို့မှာရှိတဲ့ ပါရမီစွမ်းအင်မှ အရာရှိများက တရားဝင် လက်ခံသွားမှာပါ။ အိန္ဒိယဝန်ကြီးချုပ် နယ်ယန်ဒရာ မိုဒီ၊ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် ဆောင်ဆန်းစုကြည်နှင့် သူမ၏ အစိုးရ ဝန်ကြီးများနှင့် အရာရှိများက ယင်းလက်ခံပွဲကို တွေ့မြင်ရပါလိမ့်မယ်" ဟု ဦးကံထွန်းက ဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီသည် ၎င်းယခု တက်ရောက်နေသော BRIC ညီလာခံကျင်းပရာ တရုတ်နိုင်ငံ ဇီမန်မြို့ ကနေ စက်တင်ဘာ ၅ ၌ မြန်မာနိုင်ငံသို့ သုံးရက်ကြာခရီးစဉ် လာရောက် လိမ့်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံသို့ ဒီဇယ်များ သယ်ယူပို့ဆောင်ရန် ပိုက်လိုင်းများ တည်ဆောက်သင့်၊ မသင့် ဆုံးဖြတ်ချက်မချခင် သုံးလအတွင်း နေ့စဉ် NRL ကနေ မြန်နှုန်းမြင့် ဒီဇယ်များ သယ်ဆောင်လာသည့် ထရပ်ယာဉ် ၁ဝ စီးမှ ၂ဝ အထိ ပါရမီစွမ်းအင်က တင်သွင်းသွားလိမ့်မည်ဟု ဦးကံထွန်းက ပြောသည်။

မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှ နေ့စဉ် သုံးစွဲနေသောမြန်နှုန်းမြင့် ဒီဇယ် စည် ၂ဝဝ,ဝဝဝ ၏ ၄ဝ ရာခိုင်နှုန်း ကို မန္တလေးမြို့နှင့် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများက သုံးစွဲခြင်းဖြစ်သည်ဟု သူက ဆိုသည်။

Bharat Petroleum Group ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သော NRL (Numaligarh Refinery Limited) သည် Shell၊ Total နှင့် ဗီယက်နမ်၊ ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီများ အပါအဝင် မြန်မာနိုင်ငံသို့ ခြောက်ခု မြောက် လောင်စာဆီ ရောင်းချသည့် လုပ်ငန်း ဖြစ်လာပြီဖြစ်သည်။

Author