၂ဝ၁၂ ခုနှစ်၊ အိန္ဒိယဇိမ်ခံ ကားရောင်းချမှု စာရင်း၌ ထိပ်ဆုံးနေရာမှ ရပ်တည်နိုင်ခဲ့သော BMW သည် ၂ဝ၁၃ ခုနှစ်တွင်မူ ကားစီးရေ ၇,၃၂၇ စီးသာ ရောင်းချခဲ့ရ သောကြောင့် တတိယနေရာသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၃ အိန္ဒိယဇိမ်ခံကား ရောင်းအားစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သူမှာ Audi ဖြစ်ပြီး စီးရေ ၁ဝ,ဝဝ၂ စီးဖြင့် ယမန်နှစ်ကထက် ရောင်းအား ၁၁ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။ ဒုတိယနေရာတွင် Mercedes က ရပ်တည်နိုင်ခဲ့ပြီး စီးရေ ၉,ဝဝ၃ စီးဖြင့် ယမန်နှစ် ရောင်းအားထက် ၃၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ BMW မှာမူ ၂ဝ၁၂ ခုနှစ် ရောင်းအားထက် ၂၂ ရာခိုင်နှုန်း လျော့နည်းကာ ရောင်းအား အကောင်းဆုံးဆုကို ပြိုင်ဘက် ကုမ္ပဏီများထံ လွှဲပြောင်းပေးခဲ့ရသည်။ BMW ၏နောက်တွင် အစဉ်လိုက် ရပ်တည်နိုင်ခဲ့သော ကုမ္ပဏီများမှာ စီးရေ ၂,၉၁၃ စီး ရောင်းချနိုင်ခဲ့သည်။ Jaguar Land Rover နှင့် ၉၁၃ စီး ရောင်းချနိုင်ခဲ့သော Volvo တို့ ဖြစ်သည်။
Ref: Auto Mobile