ယာဉ်ကြောကြပ်တည်းမှုဖြစ်ပွားနေတဲ့နေရာတွေကို ယာဉ်ထိန်းအင်အားတွေတိုးပီး ဖြေရှင်းသွားမှာပါ။ ယာဉ်ကြောကြပ်တည်းမှူက ယာဉ်မောင်းသူတို့ကိုယ်တိုင် အသိစိတ်ကိုယ်စီနဲ့ ယာဉ်စည်းကမ်းလိုက်နာဖို့လည်းလိုပါတယ်။ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ မှူးရုံးတာဝန်ရှိသူတစ်ဦးကပြောသည်။
ရန်ကုန်မြို့တွင်ယာဉ်ကြောကြပ်တည်းမှူဖြစ်ပွားသည့်နေရာများဖြစ်သော လှည်းတန်းလမ်းဆုံ၊မြေနီကုန်းလမ်းဆုံ၊မြောက်ဥက္ကလာပအဝိုင်း၊ထောက်ကြံလမ်းဆုံ၊စော်ဘွားကြီးကုန်း၊သံဈေးအနီး၊ဆူးလေဘုရားလမ်းနှင့်ချောတွင်းကုန်းနေရာများ၌ယာဉ်ထိန်းရဲအင်အားများပိုမိုတိုးမြင့်ထားရှိသွားမည်ဖြစ်ကြောင်းသိရသည်။