လာမည့် ဇွန်လ ၁ ရက်မှစ၍ ဝင်ငွေရလမ်းမဖော်ပြနိုင်သည့်ကားများကို အခွန်ကောက်ခံသွားမည်

0

Full article

လာမည့် ဇွန်လ ၁ ရက်မှ စ၍ဝင်ငွေရလမ်း ဖော်ပြနိုင်ခြင်းမရှိသည့်ကားများကို အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးကပြောသည်။ ၂ဝ၁၆ အခွန်အကောက်ဥပဒေအရ တစ်ကျပ် မှ သိန်းသုံးရာတန် ကားတစ်စီးကို ၁၅ ရာခိုင်နှုန်း သိန်းသုံးရာ့တစ်ကျပ် မှ သိန်းတစ်ထောင်အထိ ကားတစ်စီးကို ၂ဝ ရာခိုင်နှုန်း သိန်းတစ်ထောင့် တစ်ကျပ်နှင့် အထက် ဝင်ငွေများအတွက် ၃ဝ ရာခိုင်နှုန်း ဝင်ငွေခွန် စည်းကြပ်ကောက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုမှ အတည်ပြုပြဌာန်းထားရှိသည်။ ထိုပြဌာန်းချက်အား ဇွန်လ ၁ရက်နေ့မှ စတင်၍ ကျင့်သုံးတော့မည်ဖြစ်ပြီး မော်တော်ယာဉ်တစ်စီးတင်သွင်းပါက 1800cc နဲ့အထက်ကားတစ်စီးကို ကျသင့်သည့် ကုန်သွယ်ခွန် အထူးကုန်စည်ခွန် Custom Duty တို့အားပေးဆောင်၍ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနသို့ လိုင်စင်လာဝင်ပါက ပြည်တွင်းအခွန် ဦးစီးဌာနမှ ဝင်ရလမ်းဖော်ပြနိုင်ခြင်းမရှိသည့် ကားများကို အခွန်ကောက်ခံသွားမည်ဖြစ်ကြောင်းသိရသည်။

"ဇွန်လတစ်ရက်နေ့မှစပြီးတော့ ဝင်ငွေရလမ်းဖော်ပြနိုင်ခြင်းမရှိတဲ့ ကားတွေကို တစ်ကျပ်မှ သိန်းသုံးရာတန်ကားတစ်စီးကို ၁၅ရာခိုင်နှုန်း၊ သိန်းသုံးရာ့တစ်ကျပ်မှ သိန်းတစ်ထောင်တန် ကားတစ်စီးကို ၂ဝ ရာခိုင်နှုန်း ကိုကောက်ခံသွားမှာဖြစ်ပါတယ်။" ပြည်တွင်းအခွန်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးမှပြောသည်။

ခေတ်သစ်

Author