ပြည်ပမှ တင်သွင်းလာသည့် ကားများမှ ကြိုတင်ဝင်ငွေခွန် ကျပ်သန်းပေါင်း ၂၅ဝ ကျော် ကောက်ခံရရှိခဲ့

0

Full article

ပြည်ပမှ တင်သွင်းလာသည့် ကားများအား ကြိုတင်ဝင်ငွေခွန် ကောက်ခံရာ ကျပ်သန်းပေါင်း ၂၅ဝ ကျော် ကောက်ခံရရှိပြီး ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီး ဌာနမှ သိရသည်။ ကြိုတင်ဝင်ငွေခွန် ကောက်ခံခြင်းကို ဇွန်လ ၁ရက်နေ့မှ စတင်ကောက်ခံခဲ့ရာ ၂၂ရက်အထိလာရောက်ပေးဆောင်သော ကားအစီးရေ ၂ဝဝ ကျော်ရှိရာမှ ဝင်ငွေခွန် ကျပ်သန်း ၂၅ဝ ကျော်ကောက်ခံရရှိပြီးဖြစ်သည်။

၂ဝ၁၆ အခွန်ကောက်ဥပဒေအရ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့် ကားများကို တစ်ကျပ်မှ သိန်း ၃ဝဝ အထိကို ဝင်ငွေခွန် ၁၅ ရာခိုင်နှုန်း သိန်း ၃ဝဝ အထက်မှ သိန်း ၁ဝဝဝ အထိကို ၂ဝ ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်သည်။

ယခု ရက်ပိုင်းအတွင်းကြိုတင်ဝင်ငွေခွန်လာရောက်ပေးဆောင်သည့်ကားများမှာ နယ်လိုင်စင်ကားများဖြစ်ပြီး လုပ်ငန်းသုံးယာဉ်များလည်း ပါဝင်ကြောင်းသိရသည်။
ကြိုတင်ဝင်ငွေခွန် ပေးဆောင်ပြီးကားအား ပြန်လည်ရောင်းချပြီး ငွေဖြူအမြတ်ခွန်သွင်းပြီးပါက တန်ဖိုးတူ နောက်ထပ်တစ်စီးတင်သွင်းရာ၍ အခွန်ကင်းလွတ်မည်ဖြစ်သည်။ ခေတ်သစ်

Author