Full article

ရန်ကုန်တို်င်းဒေသကြီးအတွင်း ယာဉ်အို၊ ယာဉ်ဟောင်းစီမံချက် အရ အို/ဟောင်း ယာဉ်အစီးရေ ၆၆,ဝဝဝ ကျော် အပ်နှံပြီးစီးပြီ ဖြစ်ကြောင်း 'ကုန်းလမ်းပို့ဆောင်ရေး ညွန် ကြားမှုဦးစီးဌာန၊ မြင်သာ ကညနရုံး'မှ သိရသည်။ D-Car

ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ် အို၊ ယာဉ်ဟောင်းအစားထိုး စီမံချက်အရ ယာဉ်အို၊ ယာဉ်ဟောင်း များ အပ်နှံခွင့်ပြုခဲ့ရာတွင် မတ် ၄ ရက်အထိ အစီးရေ ၆၆,၄ဝဝ ကျော်အထိ အပ်နှံပြီးစီးခဲ့သည်။ လက်ရှိအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ အပ်နှံလျက်ရှိသော 'အ' အက္ခရာကားများမှာ မတ် ၄ ရက်အထိ အပ် နှံပြီးစီးခဲ့သည့် အစီးရေ ၄,၅၅၁ စီး ဖြစ်ကြောင်းသိရသည်။ အပ်ကားများ နည်းပါးလာခြင်းကြောင့် ယာဉ်အို၊ယာဉ်ဟောင်း အပ်နှံမှုဌာနတွင် လာရောက်အပ်နှံသည့် အက္ခရာ အစုံမှ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေမှာ နေ့စဉ် အစီးရေ (၄ဝ) ဝန်းကျင်ခန့်သာရှိကြောင်း မြင်သာကညနရုံး ယာဉ်အို၊ယာဉ်ဟောင်း အပ်နှံမှုဌာနမှ သိရသည်။ "အခုအချိန် အထိတော့ နောက်ထပ်အပ်နှံခွင့်ပြုမယ့် အက္ခရာနဲ့ ဘယ်အချိန် အပ်နှံခွင့်ပြုမယ်ဆိုတာ ညွှန်ကြားချက် မလာ သေးပါဘူး၊ အပ်ကားတွေကလည်း နေ့စဉ်နဲ့အမျှ လာရောက် အပ်နှံမှု လျော့ကျသွားပါတယ်၊ 'အ' အက္ခရာတွေကလည်း အပ်နှံဖို့ အစီးရေ နည်းနေတဲ့အတွက် နေ့စဉ် အစီးရေ နှစ်ဆယ်ဝန်းကျင်လောက်ပဲ အပ်နှံကြပါတယ်၊ Chery QQ3 ကားတွေရဲ့အပ်နှံမှုကတော့ အစီးရေ ၃၂၄ စီးကျော်သွားပါပြီ"ဟု အထက်ပါဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် ယာဉ်အို၊ယာဉ်ဟောင်း များ နည်းပါး လျက်ရှိရာ ကားဝယ်/ရောင်းဈေးကွက်အတွင်း စလစ်ဈေး ထပ် မံ မြင့်တက်လျက်ရှိပြီး 'အ' အက္ခရာအမည်ပေါက် ကားပောင်း စလစ် တစ်စောင်လျှင် ကျပ် ၁ဝ၆ သိန်းဝန်းကျင်၊ 'အ'အက္ခရာ ရိုးရိုးစလစ် တစ်စောင်လျှင် ကျပ် သိန်းတစ်ရာဝန်းကျင်ခန့် ပေါက်ဈေးရှိကြောင်း ကားဝယ်/ရောင်းဈေးကွက်မှ သိရသည်။

Ref : Automobile

Author