Full article

(၂ဝ၁၄) ခုနှစ် ဇန်နဝါရီ (၁) ရက်မှစတင်၍ ပစ္စည်းအမျိုးအမည် (၁၂) မျိုးအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကူးသန်းရောင်း ဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး၊ သွင်းကုန် ဌာနခွဲ၌ သွင်းကုန်လိုင်စင်များ အဖြစ် လျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

Car-Yangon-2

ယခင်က သွင်းကုန်လိုင်စင်များကို နေပြည်တော်တွင်သာ လိုင်စင်လျှောက် ထားရပြီး ယခုနှစ် ဇန်နဝါရီတွင် ရန်ကုန်၌ လျှောက်ထားခွင့် ပြုလိုက်ခြင်းဖြစ် ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနတွင် လိုင်စင်လျှောက်ထားခွင့် ပြုလိုက်သည့် ပစ္စည်းအမျိုးအစား များမှာ ကားအပိုပစ္စည်းများ၊ တာယာအမျိုးမျိုး၊ ဆောက်လုပ်ရေးပစ္စည်းများ၊ အလှကုန်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်မှုကုန်ကြမ်း၊ စက်ဆီ၊ ချောဆီ၊ စက်နှင့် စက်အပိုပစ္စည်းများ၊ အပ်ချုပ်စက်၊ မီးစက်၊ ရုံးသုံးကိရိယာ၊ ဂျင်နရေတာ စသည်တို့ဖြစ်ကြောင်း သိရသည်။ ထိုပစ္စည်းများထဲတွင် ကားတာယာများမှာ ယခင်က လိုင်စင် လျှောက်ထား စရာမလိုဘဲ တင်သွင်းသည့် အခါ၌သာ အခွန်ပေးဆောင်သွင်းရပြီး ယခုအချိန်တွင် သွင်းကုန်လိုင်စင်ဖြင့် ပြန်လည် လျှောက်ထားရန် သတ်မှတ် လိုက်ကြောင်း သိရသည်။ ကျွန်တော်တို့ တာယာတွေက အရင်က လိုင်စင်လျှောက်စရာမလိုဘဲ အခွန်ဆောင်ပြီးပဲသွင်းရတာ။ အခုက ရန်ကုန်မှာပဲ သွင်းကုန်လိုင်စင်ပြန် လျှောက်ရတော့မယ် ဆိုတော့ ဒါက တာယာတွေ ဝင်ရောက်လာတာကို ထိန်းချုပ် တာလည်း ပါမယ်ထင်တယ်။ ဒီလို လုပ်လိုက်တဲ့အတွက် အရည်အသွေးမီတဲ့ တာယာ တွေပိုပြီး တင်သွင်းလာနိုင်ပါတယ် လို့ ကားတာယာများတင်သွင်း ရောင်းချသည့် ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပြခဲ့သည်။

Ref: Auto World

Author