Full article

ရန်ကုန်တိုင်းဒေသကြီး အတွင်း 'အ' အက္ခရာကားများမှာ အပ်နှံမှု ပြီးပြတ်ရန် အစီးရေ လေးရာကျော်သာ ကျန်ရှိတော့ကြောင်း 'မြင်သာ ကညနရုံး ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာန'မှ သိရသည်။

A

အပ်နှံဆဲဖြစ်သည့် 'အ'အက္ခ ရာကားများမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အပ်နှံမည့်အစီးရေမှာ ၄,၇၅ဝ စီး ရှိပြီး ဖေဖော်ဝါရီ ၁၈ ရက်အထိ အစီးရေ ၄,၂၈၈ စီး အပ်နှံပြီးစီး ခဲ့ပြီးဖြစ်သည်။ အပ်နှံရန်ကျန်ရှိသည့် 'အ'အက္ခရာ ကားများမှာ အစီးရေ လေးရာကျော်သာ ကျန်ရှိတော့သည့်အတွက် အပ်ကားများ နည်းပါးလာပြီ ဖြစ်သည်။ ထို့အတူ တက္ကစီစလစ် အတွက် အပ်နှံခွင့်ပြုခဲ့သော Chery ကားများမှာ ဖေဖော်ဝါရီ ၁၈ ရက်အထိ အစီးရေ ၂၆၄ စီး အပ်နှံပြီး ဖြစ်သည်။ ယာဉ်အို၊ ယာဉ်ဟောင်းဌာန၏ နေ့စဉ် အပ်နှံမှုစာ ရင်းများ အရ အက္ခရာစုံမှ ယာဉ်အို၊ ယာဉ်ဟောင်း အစီးရေ ခြောက် ဆယ်ဝန်းကျင်ခန့် လာရောက် အပ်နှံလျက်ရှိကြောင်း သိရသည်။ "ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုက အခုရက်ပိုင်း မှာ အပ်နှံမှု ပုံမှန်ပြန်ဖြစ်သွားတယ်၊ တစ်ရက်ကို အစီးရေ ခြောက်ဆယ်၊ ခုနစ်ဆယ် ဝန်းကျင် လာရောက် အပ်နှံကြ တယ်၊ 'အ'အက္ခရာကားတွေ ကတော့ တစ်ရက်ကို ပုံမှန်အစီးရေ သုံးဆယ်ဝန်းကျင် အပ်နှံမှုရှိပါတယ်၊ နောက်ထပ် အပ်နှံခွင့်ပြုမယ့် အက္ခရာကတော့ တိတိကျကျ မသိသေးတဲ့အတွက် ပြောလို့ မရသေး ပါဘူး၊ ဇုန်ကားတွေကို အပ်နှံ ခွင့်ပြုဖို့အတွက် ဘယ်လို အပ်နှံရမယ်ဆိုတာကို အခုမှစီစဉ်တုန်းပဲ ရှိပါသေးတယ်၊ အထက်က ညွှန်ကြားချက်အတိုင်းဆောင်ရွက်ရတာ ဖြစ်လို့ ဘယ်လိုအပ်နှံမှုမျိုးဖြစ် မလဲ ဆိုတာကိုတော့ ပြောလို့ မရသေးပါဘူး"ဟု ယာဉ်အို၊ ယာဉ်ဟောင်း အပ်နှံမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ လက်ရှိအချိန်တွင် မည်သည့် အက္ခရာခေါ်ယူမည် ဟု အတိအကျ မသိရခြင်းကြောင့် ဈေးကွက်အတွင်း အပ်ကားများရှိနေခဲ့ပြီး ဈေးနှုန်းမြင့်တက်မှုများရှိလာခဲ့ကာ 'အ' အက္ခရာကားများ၏ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် ၁ဝ၃ သိန်းဝန်းကျင်နှင့် ရိုးရိုးစလစ်တစ် စောင်လျှင် ကျပ် ၉၈ သိန်းဝန်း ကျင်ပေါက်ဈေးရှိကြောင်း ဈေးကွက် အတွင်းမှသိရသည်။

Ref : Automobile

Author