Full article

ယခု ဘဏ္ဍာနှစ်အတွင်း မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲ၌ လူကူးခုံးကျော်တံတား တစ်စင်း တည်ဆောက်နေပြီ ဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော် မတီ 'မှ သတင်းရရှိ သည်။ Traffic

ခရီးသည်တင် ဘတ်စ်ကားများမှာ မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲမှတ်တိုင် တပ်မတော်စက်ရုံရှေ့တွင် ခရီးသည် တင်ဆောင်ခြင်းမရှိဘဲ လမ်းဆုံမီးပွိုင့်တွင် ရပ်နား၍ ခရီးသည်တင်ဆောင်နေခြင်းများကြောင့် ကွေ့ကြောယာဉ်များ အလွယ်တကူဖြတ်သန်း သွားလာရန် အဆင်မပြေခြင်း၊ လမ်းဆုံတွင် အထက်တန်းကျောင်း ရှိနေခြင်းနှင့် ယာဉ်သွားလာမှုများ ရှုပ်ထွေးခြင်းတို့ကြောင့် လူကူးခုံးကျော်တံတားသစ်တစ်စင်း တည်ဆောက်ရခြင်းဖြစ်ကြောင်း သိရသည်။ လူကူးခုံးကျော်တံတားကို ယခုလ ပထမ ပတ်တွင် စတင် ဆောက်လုပ်ခြင်း ဖြစ်ပြီး လက်ရှိတွင် မြေသားစမ်းသပ်ချက်များနှင့် ပိုင်ရိုက်ခြင်းများ ဆောင်ရွက်နေကြောင်း၊ အဆိုပါ ခုံးကျော်တံတား ကို မြို့တော်စည်ပင် နှင့် V-Pile ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရဘတ်ဂျက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီအနေဖြင့် ယခု ဘဏ္ဍာနှစ်အတွင်းတွင် လူကူးခုံးကျော်တံတားများ တည်ဆောက်ရန် အစီအစဉ်မရှိသော်လည်း တိုင်းဒေသကြီးအစိုးရ အစီအစဉ်ဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်း၊ လာမည့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ်တွင် မြို့တော်စည်ပင်မှ စက်လှေကားနှင့် လေအေးပေး စက်ပါဝင်သော အဆင့်မြင့် လူကူးခုံးကျော် တံတား သုံးစင်းကို တည်ဆောက်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊တံတား)မှ သတင်းရရှိသည်။

Ref ; Automobile

Author