Full article

ရန်ကုန်မြို့တွင်း ပြေးဆွဲမောင်းနှင်ခွင့် မရှိသော နယ်တက္ကစီကားများမှာ ဈေးနှုန်းများ သိသိသာသာ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ ရောင်းများထံမှ သိရှိရသည်။ AYA-Change

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဒီဇင်ဘာ ၂၇ ရက်မှစ၍ ရန်ကုန်မြို့တွင်းတွင် နယ်တက္ကစီကားများကို ပြေးဆွဲခွင့်မပြုသောကြောင့် ထိုကားများ၏ ဈေး ကွက်မှာ ပျက်စီးသွားခဲ့သည်။ နယ်လိုင်စင်ကားများနှင့်ပတ် သက်၍ ကားဝယ်/ရောင်းတစ်ဦးက "ရန်ကုန် ကားဈေးကွက်မှာ နယ်လိုင်စင် တက္ကစီတွေက အဝယ်မရှိ သ လောက် နည်းသွားပါတယ်၊ နယ်တက္ကစီကားတွေထဲမှာ ဧရာဝတီ၊ ပဲခူးအပါအဝင် နယ်ကားတွေ ဈေးက သိသိသာသာ ထိုးကျသွားခဲ့ပါတယ်၊ မန္တလေးလိုင်စင်နဲ့ ကားတွေ ကတော့ အဝယ်နည်းနည်းပါးပါး ရှိပါတယ်၊ နယ်ကားတွေဈေးက ကျဆင်းသွားခဲ့ပေမဲ့ ရန်ကုန်တက္ကစီ ကားဈေးတွေက အများကြီးမြင့်တက်သွားတာ မရှိပါဘူး"ဟု ဆိုခဲ့ သည်။ ယခုရက်ပိုင်းအတွင်း နယ် တက္ကစီကားများမှာ ဝယ်လက်နည်းပါးနေသောကြောင့် ဈေးများ ချရောင်းနေကြပြီး Suzuki Alto ၊ Suzuki Solio နှင့် Nissan March ကားများမှာ ၅၅ သိန်း ဝန်းကျင်သာ ပေါက်ဈေးရှိတော့သည်။ ထို့ပြင် တက္ကစီအဖြစ် အသုံးများနေသည့် Probox ၊ AD Van ကားများမှာလည်း သိန်း ကိုးဆယ်ဝန်းကျင်မှ သိန်း ခုနစ်ဆယ်ဝန်းကျင်အထိ ဈေးနှုန်းများ ကျဆင်းသွားခဲ့ကြောင်း ကားဝယ်/ရောင်းများထံမှ သိရသည်။

Ref : Automobile

Author