Full article

စမ်းချောင်းမြို့နယ်၊ ဟံသာဝတီအဝိုင်းတွင် မီးပွိုင့်တပ်ဆင် အသုံးပြုခြင်းကို မတ်လတွင် စတင်မည် ဖြစ်ကြောင်း 'ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီ'မှ သိရှိရပါ သည်။

Han-thar-Waddy

ဟံသာဝတီအဝိုင်း၌ ယာဉ်ကြောကျပ်တည်းမှုနှင့် ပိတ်ဆို့မှုမှာ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေသည့်အတွက် မီးပွိုင့်တပ်ဆင် အသုံးပြုရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကိုလာမည့် မတ်လတွင် စတင် အသုံးပြုနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိတွင် အဝိုင်းလမ်းဆုံ လေးနေရာ၌ မီးပွိုင့်များ တပ်ဆင်ထားရှိပြီး မီးပွိုင့်မိနစ် ချိန်သားကိုက်ရန် တွက်ချက်မှုများ ပြုလုပ်လျက် ရှိကြောင်းသိရသည်။ "အဓိကကတော့ အဝိုင်းပတ်လမ်းထဲမှာ ယာဉ်ကြောကျပ်ပြီး ယာဉ်တွေ ရပ်တန့်နေတာ မရှိတော့ဘူး၊ အဝိုင်းပြင်ပမှာပဲရှိမယ်၊ ယာဉ် aကြာကျပ်တာကို ဖြေလျှော့ပေးမှာ ဆိုတော့ မြေနီကုန်းမီးပွိုင့်၊ လှည်းတန်းမီးပွိုင့်တို့နဲ့ ချိတ်ဆက်ရမယ်၊ ဒါကြောင့် မီးပွိုင့်တပ်ဆင်ထားပြီးပေမဲ့ မလွှတ်နိုင်သေးတာ၊ ဆင်ဆာစနစ် မီးပွိုင့်ဆိုရင် ပိုအဆင်ပြေနိုင်မယ် ဆိုပေမဲ့ ဘတ်ဂျက်မရနိုင်တော့ ရိုးရိုးမီးပွိုင့်ပဲ လတ်တလော အသုံးပြုနိုင်မယ်"ဟု 'မြို့တော် စည်ပင်၊ အင်ဂျင်နီယာဌာန (လမ်း၊ တံတား)'မှ ဒုတိယဌာနမှူး ဦးမျိုးလွင်က ပြောသည်။ ဟံသာဝတီအဝိုင်း၏ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရန်အတွက် လက်ရှိအသုံးပြုလျက်ရှိသည့် အဝိုင်း ပတ်စနစ်အပြင် ယခု ကဲ့သို့ ရိုးရိုးမီးပွိုင့်စနစ်တို့ကို တိုး ချဲ့တပ်ဆင်ခြင်း ဖြစ်ပြီး ကုန်ကျ စရိတ်အနေဖြင့် ကျပ်သိန်း ငါးဆယ်ခန့် ကုန်ကျခဲ့ကြောင်း၊ ယာဉ်ကြော ကျပ်တည်း မှု အပေါ်လိုက်၍ အလို အလျောက် မီးပွိုင့်သတ်မှတ်ပေးသည့် ဆင်ဆာစနစ်ပါ အသုံးပြု မည်ဆိုပါက အမေရိကန်ဒေါ်လာ နှစ်သောင်းခန့် ကုန်ကျနိုင်ကြောင်း သိရသည်။

Ref: Automobile

Author