Full article

ကလေးနှင့် တမူးမြို့တို့တွင် ဇန်နဝါရီလ တတိယပတ်အတွင်း လိုင်စင်မဲ့ ကားနှစ်စီးကို ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း 'ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူးရုံး(ကလေး)' မှ သိရသည်။![Low-of-Car](/redline/content/images/2014/01/Low-of-Car.jpg)

ဇန်နဝါရီ ၁၆ ရက်က ဗိုလ်ချုပ်လမ်းနှင့် ဘူတာလမ်းဆုံတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးဆောင်ရွက် နေစဉ်အရှေ့မှ အနောက်သို့ လားလ်ထန်းလျံ အာ(သ) ၂၇ နှစ် မောင်းနှင်လာသည့် ၄ဂ/၇၄ဝ၁ နံပါတ် တပ်ဆင်ထားသော Honda Fit ခဲရောင် ကားတစ်စီးကို ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သော သက်သေခံ စာရွက် စာတမ်းများ ပြသနိုင်ခြင်း မရှိသဖြင့် ရဲအုပ်စိုးမိုးအောင်က တရားဥပဒေအရ အရေးယူပေးပါရန် ကလေးရဲစခန်းသို့ တိုင်တန်းခဲ့သည်။ ထို့ကြောင့် ယင်းအမှုအား ကလေး ရဲစခန်းက (ပ) ၂၈/၂ဝ၁၄ ပို့ကုန်၊ သွင်းကုန် ဥပဒေ-၈ အရ အရေးယူထားကြောင်း သိရသည်။ ယခု ဖမ်းဆီးရမိမှုသည် ကလေးမြို့တွင် ၂ဝ၁၄ ခုနှစ်၏ ဒုတိယ အကြိမ် ဖမ်းဆီးရမိမှု ဖြစ်ပြီး ဇန်နဝါရီ ၁ဝ ရက်ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စစ်ဆေးရာမှ လိုင်စင်မဲ့ ကားသုံးစီးကို ဖမ်းဆီးရမိခဲ့သည်။ ကလေးမြို့ တွင်သာမက အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့တွင်လည်း ဇန်နဝါရီ ၁၇ ရက်က သုံးမိုင် ရဲကင်းရှေ့၌ လုံခြုံရေး စစ်ဆေးရာမှ Pajero အဖြူရောင် လိုင်စင်မဲ့ ကားတစ်စီးကို ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

Ref: Automobile

Author