Full article

စွမ်းအင်ဝန်ကြီးဌာနမှ ဖြန့်ဖြူး ရောင်းချလျက်ရှိသည့် CNG သဘာဝဓာတ်ငွေ့ရောင်းချမှုမှ၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ငွေကျပ် သိန်းပေါင်း လေးသောင်းခန့် ရရှိခဲ့ ကြောင်း 'စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲ' မှ သိရသည်။

CNG1CNG သဘာဝဓာတ်ငွေ့ ရောင်းချရာတွင် ရန်ကုန်တိုင်းဒေသကြီး၌ ဇန်နဝါရီလအတွင်း ဓာတ်ငွေ့ပမာဏ ကုဗပေသန်းပေါင်း (၆၂၂) သန်း ကျော် ရောင်းချခဲ့ပြီး ငွေကျပ် သိန်းပေါင်း ၃၇,၆၈၉ ကျော် ရရှိခဲ့ကြောင်း၊ မန္တလေးတိုင်းဒေသကြီး ပလိပ်၊ ရေနံချောင်း၊ ချောက် မြို့နယ်များတွင် ဓာတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၁၇ သန်းကျော် ရောင်းချ ခဲ့ရပြီး ငွေကျပ် သိန်းပေါင်း ၁,ဝ၉၉ သိန်း ရရှိခဲ့ကြောင်း၊ တစ်လအတွင်း CNG စုစုပေါင်း ရောင်းချမှုမှ ငွေကျပ်သိန်းပေါင်း ၃၈,၇၉ဝ ကျော်ရရှိခဲ့ကြောင်း သိရသည်။ "CNG အရောင်းဆိုင်တွေကို ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်လှစ်ရောင်းချပေးလျက်ရှိပါတယ်" ဟု စွမ်းအင်ဝန်ကြီးဌာန၊ CNG ဌာနခွဲမှ အကြီးတန်း အရာရှိတစ်ဦးက ဆိုသည်။ မြန်မာ တစ်နိုင်ငံလုံးအနေဖြင့် CNG အရောင်းဆိုင်ပေါင်း ၄၅ ဆိုင်ရှိပြီး ရန်ကုန်တွင် ဆိုင်ပေါင်း လေးဆယ်၊ မန္တလေးတွင် တစ်ဆိုင်၊ ရေနံချောင်းတွင် တစ်ဆိုင်၊ ပလိပ်တွင် တစ်ဆိုင် ရှိပြီး ချောက်မြို့တွင် တစ်ဆိုင်တို့ဖြစ်ကြောင်း သိရသည်။

Ref: Automobile

Author