Full article

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာ ယာနယ်နိမိတ်အတွင်း၌ ဖေဖော်ဝါ ရီလအတွင်း ယာဉ်မရပ်ရ သတ် မှတ်ထားသည့် လမ်းမကြီးများပေါ် တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နား မှု အရေးယူမှုပေါင်း ၁ဝဝဝ ကျော်ရှိကြောင်း 'အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ သိရသည်။

police1231

ယာဉ်မရပ်ရ သတ်မှတ်ထားသည့်လမ်းမကြီး ၅၇ ခုပေါ်၌ ရပ်နားသည့်ယာဉ်များကို စစ်ဆေးအရေးယူမှုများ ဆောင်ရွက်ရာတွင် ဖေဖော်ဝါရီ ၁ ရက်မှ ၂၅ ရက်အထိ ဖမ်းဆီး အရေးယူမှု စုစုပေါင်း ၁,ဝ၇၅ မှုရှိခဲ့ပြီး ကရိန်းဖြင့် ဖမ်းဆီး အရေးယူမှုပေါင်း လေးရာ၊ ချလန်ဖြတ် အရေးယူမှု စုစုပေါင်း ၈၅၅ မှု ရှိခဲ့ကြောင်း သိရသည်။ "ဖမ်းဆီးမှုတွေကို ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လိုက်တော့ ယာဉ်ကြောကျပ်တည်းမှု သိသိသာသာ လျော့ကျသွားတယ်၊ လမ်းမကြီးတွေပေါ်မှာ စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုတွေကို အရှိန် အဟုန်မြှင့် ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အမှတ်-၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ဆိုသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ စီမံချက်ဖြင့် ဆောင်ရွက်ခဲ့သည့် အဆိုပါ ယာဉ်မရပ်ရ လမ်းမကြီးများပေါ် ယာဉ်ရပ်နားမှု ဖမ်းဆီးအရေးယူမှုများအား ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင် ဆောင်ရွက်ခဲ့ပြီး ယခု ၂ဝ၁၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် အထိ ယာဉ်အစီးရေ ၅,၁၂၁ စီးကို ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Ref : Automobile

Author