Full article

ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနအနေဖြင့် ယာဉ်ပိုင်ရှင်များ စိတ်ကြိုက်နံပါတ်များကို ကြိုတင်ရောင်းချပေးလျက်ရှိရာ 5G အက္ခရာထုတ် ပေးစဉ်ကာလအတွင်း 6G အပူးအက္ခရာနံပါတ် ငါးခုကို ရောင်းချပြီး ဖြစ်ကြောင်း 'မြင်သာကညနရုံး'မှ သိရသည်။ CCar

ကနဦးမှတ်ပုံတင်ဌာနအနေဖြင့် 5G အက္ခရာထုတ်ပေးစဉ်ကာ လအတွင်း 6G အက္ခရာ အပူးနံပါတ်များကို ကြိုတင်ရောင်းချမှုပြုလုပ်ခဲ့ရာတွင် 6G အက္ခရာနံပါတ် လေးခု သာ ရောင်းချရန် ကျန်ရှိတော့မည် ဖြစ်သည်။ 6G အက္ခရာ များမှာ 6G/2222 ကို ကျပ်သိန်း ၂ဝ၊ 6G/3333 ကို ကျပ်သိန်း ၂ဝ၊ 6G/6666 ကို ကျပ် ၄၄ သိန်း၊ 6G/8888 ကို ကျပ်သိန်း ၅ဝ၊ 6G/9999 ကို ကျပ် ၅၆ သိန်းဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။ 5G အပူးနံပါတ်များမှာမူ နံပါတ်ကိုးခုစလုံး ရောင်းချပြီးဖြစ်ကြောင်း သိရသည်။ ယာဉ် ပို်င်ရှင်များ စိတ်ကြိုက် နံပါတ်အလှများ ရောင်းချခြင်းနှင့် ပတ်သက်၍ ကနဦးမှတ်ပုံတင်ဌာန မှ တာဝန်ရှိသူတစ်ဦးက "ဒီတစ်ပတ်အတွင်းမှာတော့ 6G အပူးနံပါတ်တွေကို အကုန်လုံးရောင်းချပြီးသွားပါပြီ၊ နောင်လာမယ့် 6G အက္ခရာတွေထဲမှာတော့ အပူးအက္ခရာ နံပါတ် ငါးခုဝယ်ယူမှု ပြုလုပ်ထားပါတယ်၊ ရောင်းချမှုအခြေအနေကတော့ အရင် ထက် ပိုကောင်းလာပါတယ်၊ အပူးအက္ခရာ မဟုတ်တဲ့ ပေါင်းခြင်းအက္ခရာ နံပါတ်တွေ၊ အက္ခရာအစဉ်လိုက်တွေနဲ့ ထောင်ဂဏန်း နံပါတ်တွေကိုပါ အခုနောက်ပိုင်း စိတ်ဝင် တစား ဝယ်ယူလာတာကို တွေ့ရပါတယ်၊ အဲဒီ အထဲမှာတော့ အပူးအက္ခရာတွေက လူစိတ်ဝင်စားမှု အများဆုံးဖြစ်နေ တဲ့အတွက် ကြိုတင်ဝယ်ယူ ထားတဲ့သူတွေ ပိုများပါ တယ်"ဟု ပြော ကြားခဲ့သည်။ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် မော်တော်ယာဉ်မှတ်ပုံတင်မှုများကို နေ့ စဉ်ပြုလုပ်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၄ ရက်အထိ ရောက်ရှိ နံပါတ်များမှာ 5G/8832 ၊ DD/6659 နှင့် 8L/3946 သို့ ရောက်ရှိ သွားပြီဖြစ်ကြောင်း ကနဦးမှတ်ပုံတင်ဌာနမှ သိရသည်။

Ref : Automobile

Author