Full article

မြန်မာ့အာမခံလုပ်ငန်းမှ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း သူတစ်ပါး ထိခိုက်မှုအာမခံ လျော်ကြေးငွေ ကျပ်သိန်း ၃,၅ဝဝ ခန့် ပေးလျော်ခဲ့ကြောင်း 'မြန်မာ့အာမခံလုပ်ငန်း'မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအေးမင်းသိန်းက ပြောကြားသည်။

Car-Accident-Blog

စက်တပ်ယာဉ်နှင့် ထိခိုက်မိသည့် မည်သူမဆို ရရှိခံစားရသည့် သူတစ်ပါးထိခိုက်မှု အာမခံအတွက် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေးနှစ်၏ ကိုးလတာ ကာလအတွင်း လျော်ကြေးငွေ အနေဖြင့် သေဆုံးသူ ၆၅၆ ဦးအတွက် ငွေကျပ် ၃,၂၄၆ သိန်း၊ ဒဏ်ရာရရှိသူ ၄၉ ဦးအတွက် ၉၆ ဒသမ ၇၂ သိန်း စုစုပေါင်း ၇ဝ၅ ဦး အတွက် ငွေကျပ် ၃,၃၄၂ သိန်း ကျော် ပေးလျော်ခဲ့ကြောင်း သိရသည်။ "သူတစ်ပါးထိခိုက်မှု အာမခံက ပြည်သူတွေကို အကာအကွယ်ပေးတဲ့ အာမခံအမျိုးအစား တစ်ခု ဖြစ်ပါတယ်"ဟုလည်း ၎င်းက ရှင်း ပြသည်။ စက်တပ်ယာဉ်ဟု ဆိုရာ၌ မော်တော်ကား၊ ဆိုင်ကယ်၊ စက်ယန္တရားများ၊ သင်္ဘော၊ သမ္ဗန် စသည်ဖြင့် စက်တပ်အသုံးပြုရသော ယာဉ်အားလုံး အကျုံးဝင်မည် ဖြစ်သည်။ ယခု ဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း စက်တပ်ယာဉ် များမှ လာရောက်ထားရှိသည့် သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံ ကြေး ငွေကျပ် ၂၉,၆၂၂ သိန်း ကျော် ရရှိခဲ့ပြီး ငွေကျပ် ၃,၃၄၂ သိန်းကျော် ပြန်လည်ပေးလျော်ခဲ့ရကြောင်း သိရှိရသည်။

Ref: Automobile

Author