Full article

သုံးလတာ ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာ နယ်နိမိတ်တွင် ယာဉ်မရပ်ရ သတ်မှတ်ထားသည့် ကန့်သတ်လမ်းများပေါ်၌ ရပ်နားထားသည့် ယာဉ်များ ကို ဖမ်းဆီးအရေးယူမှုပေါင်း ငါးထောင် ခန့်ရှိကြောင်း 'အမှတ်(၂) ယာဉ်ထိန်း ရဲတပ်ဖွဲ့ခွဲမှူးရုံး'မှ စုံစမ်းသိရှိရသည်။

Towed-Car

ရန်ကုန်မြို့တွင်း ယာဉ်မရပ်ရ လမ်းပေါင်း ၅၇ လမ်းတွင် ရပ်တန့်သည့် ယာဉ်များအား ဖမ်းဆီးအရေးယူမှုကို ၂ဝ၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ စတင်ခဲ့ပြီးဖေဖော်ဝါရီ ၁၈ ရက်အထိ ဖမ်းဆီးအရေးယူမှုပေါင်း ၄,၇၇၉ မှုရှိခဲ့ကြောင်း၊ ယင်းအပြင် ကရိန်းနှင့် ဖမ်းဆီး အရေးယူမှု ၁,ဝ၈၇ မှု၊ ချလန်ဖြတ် အရေးယူမှုခဲ့မှုပေါင်း ၃,၆၉၂ မှု ဖြစ်ကြောင်း သိရသည်။ယာဉ်မရပ်ရ သတ်မှတ်နေရာများ၌ ဖမ်းဆီးအရေးယူခြင်းခံရပါက ကရိန်းနှင့်ဆွဲယူသည့် ယာဉ်ဖြစ်လျှင် ငွေကျပ် တစ်သိန်းခွဲခန့် ကုန်ကျမည် ဖြစ်ပြီး ချလန်ဖြတ် အရေးယူပါက ဒဏ်ငွေ နှစ်သောင်းခွဲ ဒဏ်ရိုက် အရေးယူလျက်ရှိကြောင်း၊ ယင်းမှာ စည်ပင်သာယာဥပဒေ ပုဒ်မ ၆၈ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ယင်း ဥပဒေအရ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ် တစ် သောင်းဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံး ဖြစ်စေ ကျခံစေနိုင်မည်ဟု သိရသည်။

Ref : Automobile

Author