Full article

၂ဝ၁၄ ခုနှစ် နှစ်ဆန်းပိုင်းအတွင်း ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းရာတွင် ယာဉ်/ယန္တရားစာရင်း၌ Mini Bus နှင့် Mini Truck အများဆုံးပါဝင်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၊ သွင်းကုန်/ထုတ်ကုန် လုပ်ငန်းဌာနခွဲ မှ သိရသည်။Mini-Truck

ဇန်နဝါရီလဆန်းပိုင်း၌ ယာဉ်/ယန္တရား လျှောက်ထားမှုစာရင်းတွင် အစီးရေ ၁,၅၂၈ စီး ပါမစ်လျှောက်ထားခဲ့ပြီး Mini Bus၂၅၁ စီး၊ Mini Truck ၄ဝ၇ စီး၊ Light Truck ၄၂၃ စီးအပါအဝင် Prime Mover ၊ Space Cab ၊ Pcik Up ၊ Double Cab ကားများ ပါဝင်ခဲ့သည်။ ထို့ပြင် ဇန်နဝါရီ ၂ ရက်မှ ၁၄ ရက်အထိ လူစီးဆလွန်းများ၊ ဝက်ဂန်များ နှင့် ထရပ်ကား၂၁၇ စီး ကိုလည်း ပါမစ်ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ သိရသည်။

ယခုလအတွင်း ပါမစ်ထုတ်ပေးခဲ့သည့် လူစီးယာဉ်များထဲ၌ Toyota ၊ Honda ကားများ အများဆုံး ပါဝင်ခဲ့ပြီး Mazda ၊ Nissan ကားများလည်း ပါဝင်ခဲ့သည်။ ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာနှစ်အစဖြစ်သည့် ၂ဝ၁၃ ခုနှစ်၊ ဧပြီလမှ ယခုနှစ် ဇန်နဝါရီ ၁၄ ရက် အထိ လူစီးယာဉ်၊ Truck နှင့် Bus ၁၇,၂၄၃ စီးကို ပါမစ်ထုတ်ပေးခဲ့ရာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ဝ,၄၆၄,၈၁ဝ ရှိခဲ့ကြောင်း အဆိုပါ ဌာနမှ သိရသည်။

Ref: Automobile

Author