Full article

၂ဝ၁၄ ခုနှစ်အတွင်း Brand New Car Showroom နှစ်ဆယ်ကျော်အထိ ထွက်ပေါ်လာဖွယ်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

Brand-New-Car-Showroom

စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ်အတွင်း Mercedes ၊ Scania ၊ KIA ၊ Ford ၊ Chevrolet အစရှိသည့် Showroom များကို ပါမစ်များ ချထားပေးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် နှစ်အတွင်း၌ Mazda ၊ Nissan ၊ Solo ၊ MG ၊ Dongfeng စသည်တို့ အပါအဝင် Showroom ကိုးခုကို ပါမစ်ချပေးရန် စစ် ဆေးထားကြောင်း သိရသည်။Brand New Showroom များကို ပါမစ်ချပေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦ "ပြီးခဲ့တဲ့နှစ်အတွင်းမှာ Brand New Showroom ငါးခုကို ပါမစ်ချထားပေးခဲ့သလို နောက်ထပ် ကိုးခုကိုလည်း ပါမစ်ချပေးဖို့ စစ်ဆေးနေပါတယ်၊ ဒါ့ပြင် ဒီနှစ်အတွင်းမှာ Showroom ၁၅ ခုလည်း ပါမစ် လျှောက်ထားခဲ့ပါတယ်"ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ မော်တော်ယာဉ် တင်သွင်းခွင့် ပါမစ်များကို ၂ဝ၁၁ ခုနှစ်၊ စက်တင်ဘာလမှ စတင် ထုတ်ပေးခဲ့ရာ တစ်လလျှင် ကား အစီးရေ တစ်သောင်းကျော် ဝင်ရောက်လာကြောင်း UMFCCI မှ စက်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦး ဇော်မင်းဝင်း ပြောကြားခဲ့သည်။

Ref : Automobile

Author