လုပ်ငန်းသုံး ယာဉ်ယန္တရားများအား ၂ဝ၁၅ မော်ဒယ်မှစ၍ တင်သွင်းရောင်းချရမည်

0

Full article


ဆောက်လုပ်ရေးလုပ်ငန်းများနဲ့ စီးပွားရေးလုပ်ငန်းများမှာ အသုံးပြုမယ့်လုပ်ငန်းသုံး ယာဉ်ယန္တရားများကို အရောင်းပြခန်းဖွင့်လှစ်ပေးမည်ဖြစ်ရာ ၂ဝ၁၅ မိုဒယ်မှစ၍ တင်သွင်းရောင်းချရမည်။လုပ်ငန်းသုံး ယာဉ်ယန္တရား တွေကို အရောင်းပြခန်းဖွင့်လှစ်ရောင်းချခွင့်ပြုလိုက်ပါပြီ။အရောင်းပြခန်း ဖွင့်မယ်ဆိုရင် သတ်မှတ်ထားတဲ့စည်းကမ်းချက်အတိုင်း ဖွင့်လှစ်ရမှာဖြစ်ပါတယ်။အရောင်းပြခန်းတွေကို သတ်မှတ်နေရာအကျယ်အဝန်းနဲ့ မြို့ပြင်နေရာမှာဘဲ ဖွင့်ခွင့်ပေးသွားမှာဖြစ်ပါတယ်၊လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ထိုသို့ အရောင်းပြခန်းဖွင့်လှစ်ရောင်းချ ခွင့်ပြုရာတွင်၂ဝ၁၅ မိုဒယ်မှစ၍ Brand New ကားများကိုသာ တင်သွင်းရောင်းချရမည်ဖြစ်ပြီး အရောင်းပြခန်းဖွင့်လှစ်မည့် ကုမ္ပဏီ၏ ဘဏ်စာရင်းတွင် Deposit အဖြစ် မြန်မာကျပ်ငွေ သိန်း ၇၅ဝဝ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် သီးခြားငွေစာရင်း ဖွင့်လှစ်ထားရှိရမည်ဖြစ်ပါတယ်။

ယန္တရား အရောင်းပြခန်းဖွင့်လှစ်မည့်နေရာအား မြို့တွင်း Down town ဧရိယာပြင်ပများတွင်သာ ဖွင့်လှစ်ရောင်းချရမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်မှူပေါ်မူတည်၍ စက်ယန္တရားအမှတ်တံဆိပ်အား Brand တစ်မျိူ းထက်ပိုမို၍ ရောင်းချခွင့်ရမည်ဖြစ်တယ်လို့ သတ်မှတ်ကြေငြာထားရှိပါတယ်။

ယာဉ်ယန္တရား များကိုတင်သွင်းရာတွင် တင်သွင်းခွင့်ပြုသည် လိုင်စင်သက်တမ်းကာလအတွင်း မြန်မာနိုင်ငံသို့ အရောက်တင်သွင်းရမည်ဖြစ်ပြီး တင်သွင်း

လာမည့်လုပ်ငန်းသုံးယန္တရားများ၏ Vehicle Weight အား လမ်းတံတားများ ခံနိုင်ဝန် (တန် ၆ဝ) ထက်မပိုသော ယာဉ်များကိုသာ တင်သွင်းရမည်ဖြစ်သည်။

ခေတ်သစ်

Photo Credit

Author