ဆိပ်ကမ်းများတွင် မော်တော်ယာဉ်များ ကြိုစစ်စစ်ဆေးခြင်းကို မလုပ်ဆောင်ဘဲ ကညနတွင် စစ်ဆေးသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်ရန်တင်ပြ

0

Full article

ပြည်ပက တင်သွင်းလာသော မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် အကောက်ခွန်ဦးစီးဌာနက ကြိုစစ်ဆေးခြင်းကို မလုပ်ဆောင်ဘဲ ကညနတွင် စစ်ဆေးသည့်ပုံစံ ပြောင်းလဲလုပ်ဆောင်ရန် မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့်တင်သွင်းဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း MAMDA မှ အကောက်ခွန်ဦးစီးဌာနသို့တင်ပြထားရှိကြောင်း သိရသည်။

ပြည်ပက ပုံမှန်တင်သွင်းလာသော မော်တော်ယာဉ်များကို ဆိပ်ကမ်းများတွင် ကြိုစစ်စစ်ဆေး၍ ကားပုံသဏ္ဍန်ကို ရှေ့နောက် ဘေးဝဲယာ ဓါတ်ပုံရိုက်ယူကာ စစ်ဆေးကြောင်း၊ ဓါတ်ပုံအထောက်အထားများနှင့် ကားအချက်အလက်အမျိူးအစား၊ Grade များခွဲကာ လုပ်ဆောင်နေလျှက်ရှိကြောင်းနှင့် စီမံချက်ဖြင့်တင်သွင်းလာသော ကားများကို ကြိုတင်စစ်ဆေးခြင်းမပြုဘဲ ဆိပ်ကမ်းမှထုတ်ယူခွင့်ပြုနေကြောင်းသိရသည်။

" ဆိပ်ကမ်းမှာ ပုံမှန်တင်သွင်းလာတဲ့ကားတွေကို ကြိုစစ်စစ်ဆေးတာကို မလုပ်ဖို့ ကညန ရောက်မှ စစ်ဆေးဖို့နဲ့ တစ်ကယ်လို့ အကြောင်းတစ်ခုခုကြောင့် ကညနရောက်လို့ လွဲမှားတာရှိရင် ပြန်စစ်ဆေးဖို့အတွက် တင်ပြထားတယ်။"ဟု အကောက်ခွန်ဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုနှစ်တွင် ညာမောင်းကားတင်သွင်းမှုပိတ်လိုက်ခြင်းကြောင့် ပြည်ပနိုင်ငံက ဘယ်မောင်းကားများကိုသာ တင်သွင်းမှုရှိလာရာ ကားတင်သွင်းမှုနည်းပါးလာပြီး ယခင်နှစ်များက တင်သွင်းထားသော လက်ကျန်ရှိနေသည့် ကားများနှင့် brand new ကား အစီးရေမှာ ထောင် ဂဏန်းနီးပါးသာ ကျန်ရှိတော့ကြောင်း သိရသည်။

Author