ပစ်ကပ် လိုက်ထရပ် ယာဉ်များ ဖျက်သိမ်းအပ်နှံပြီး အစားထိုးတင်သွင်းမှုတွင် ကုန်တင်ယာဉ်များကိုသာ တင်သွင်းခွင့်ပြုသွားမည်

0

Full article

ယာဉ်အို ယာဉ်ဟောင်းအစားထိုးစီမံချက်အရ ပစ်ကပ် လိုက်ထရပ်ကားများ ဖျက်သိမ်းအပ်နှံပြီး အစားထိုးတင်သွင်းလာသောယာဉ်အဖြစ် ကုန်တင်ယာဉ်ကိုသာ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရသည်။
ယာဉ်မှတ်ပုံတင် သက်တမ်းကြာမြင့်သော ယာဉ်များကို ဖျက်သိမ်းအပ်နှံ၍ အစားထိုးယာဉ်တင်သွင်းရာတွင် ဆလွန်း၊ ဂျစ်၊ ပစ်ကပ်၊ လိုက်ဗင်၊ စတေရှင်ဝက်ဂွန်၊ မိုက်ခရိုဘတ်စ် ကားများဖြစ်ပါက ၎င်းအုပ်စုပါတစ်မျိုးမျိုးကို တင်သွင်းခွင့်ပေးမည်ဖြစ်ရာ လိုက်ထရပ်၊ ထရပ်၊ ဘတ်စ်ကားများကို တူညီသော ယာဉ်သာတင်သွင်းခွင့်ပြုမည်ဖြစ်သည်။ ပစ်ကပ်၊ လိုက်ထရပ် ကားတွေကို ယာဉ်အိုယာဉ်ဟောင်းစနစ်နဲ့ ဖျက်သိမ်းအပ်နှံမယ်ဆိုရင် ကုန်တင်ယာဉ်ကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားရေးမှု ဦးစီးဌာနမှ သိရသည်။

ပစ်ကပ်နှင့် လိုက်ထရပ်ကားများ အပ်နှံပြီး လူစီးယာဉ်တင်သွင်းခွင့်မပြုတော့ခြင်းကြောင့် စလစ်ကပ်ကားများ ဈေးနှုန်း ပိုမိုမြင့်တက်လာနိုင်ကြောင်း ကားဝယ်ရောင်းပြုလုပ်နေသူများက ဆိုသည်။

ခေတ်သစ်

Author