ကုမ္ပဏီလိုင်စင်ဖြင့်တင်သွင်းသော လုပ်ငန်းသုံးကားများကို ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်

0

Full article


ကုမ္ပဏီလိုင်စင်ဖြင့်တင်သွင်းလျှက်ရှိတဲ့ လုပ်ငန်းသုံးကားများကို ကြိုတင်ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုမည်ဖြစ်တယ်လို့ နေပြည်တော်ပြည်တွင်အခွန်များ ဦးစီးဌာန မှသိရပါတယ်။ကုမ္ပဏီလိုင်စင်ဖြင့် လုပ်ငန်းသုံးကားတင်သွင်းရာတွင် ၅ တန်အောက် လုပ်ငန်းသုံးယာဉ်များကို ဒီဇင်ဘာလ ၁၂ ရက် ၂ဝ၁၆ ခုနှစ်မှစကာ ကုမ္ပဏီ တစ်ခုလျှင် တစ်စီးသာတင်သွင်းခွင့်ပြုရာ တစ်ပတ်လျှင် ၃ စီးထက်ပို၍ လျှောက်ထားခွင့်မရှိကြောင်းသိရသည်။

ပြည်ပမှ ကုမ္ပဏီ လိုင်စင်ဖြင့် ကားတင်သွင်ရာတွင် ပင်လယ်ရေကြောင်းမှတင်သွင်းခြင်းလည်းကောင်း နယ်စပ်မှ တင်သွင်းခြင်းလည်းကောင်း တစ်စီးသာတင်သွင်းခွင့်ပြုမည်ဖြစ်ရာ တစ်ပြိုင်နက်တည်း လျှောက်ထားတင်သွင်းခွင့်မပြုကြောင်းသိရပါတယ်။

ကုမ္ပဏီလိုင်စင်များဖြင့် လုပ်ငန်းသုံးကားများလျှောက်ထားရာတွင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံနေသောကြောင့် ကြိုတင်ဝင်ငွေခွန် ထပ်မံပေးဆောင်ခြင်းကို ကင်းလွတ်ခွင့်ပြုထားတယ်လို့သိရပါတယ်။

ကုမ္ပဏီ လိုင်စင်နဲ့ လျှောက်ထားတဲ့ကားတွေကို ကြိုတင်ဝင်ငွေခွန်မကောက်ပါဘူး။ကင်းလွတ်ခွင့်ပြုထားပါတယ်။ ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင်ပြီး ကနဦးမှတ်ပုံတင်ပြုလုပ်လို့ရပါတယ်။ ဟု ပြည်တွင်းအခွန်များဦးစီးဌာနက အကြီးတန်းအရာရှိကြီးတစ်ဦးက ပြောသည်။

ကုမ္ပဏီလိုင်စင်များဖြင့် ကားဝယ်ရာတွင် အမည်ပေါက် ပြောင်းလဲ၍မရဘဲ ကုမ္ပဏီအမည်ပေါ်က်ဖြင့်သာ ဝယ်ယူ၍ရရှိမည်ဖြစ်ကြောင်း သိရသည်။

ခေတ်သစ်

Photo Credit

Author