Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်ဖြင့် တင်သွင်းသောကားများကို မတ်လ ၁၁ ရက်နေ့မှစ၍ သိမ်းဆည်း သွားမည်

0

Full article


Brand name ကွဲလွဲသည့် Original Equipment manufacture (OEM) စနစ်ဖြင့် တင်သွင်းသောကားများကို မတ်လ ၁၁ ရက်နေ့မှစ၍ သိမ်းဆည်း သွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှသိရပါတယ်။၂ဝ၁၇ ခုနှစ်အကောက်ခွန်ဒဏ်ကြေးအရ Main brand ကွဲလွဲခြင်း၊ sub brand ကွဲလွဲနေခြင်းတို့ကို 1/2 AV ဒဏ်ရိုက်အရေးယူမှာ ဖြစ်ပြီး OEM စနစ် ဖြင့်တင်သွင်းလာသောကားများကိုလည်း ထို့အတူ သိမ်းဆည်းသွားမှာဖြစ်တယ်လို့သိရပါတယ်။


ယခင်က Original Equipment manufacture (OEM ) စနစ်ဖြင့် တင်သွင်းလာသောကားများကို အကောက်ခွန်ဒဏ်ကြေး 1/2 AV ဒဏ်ရိုက်အရေးယူပီး ထုတ်ပေးနေလျှက်ရှိသည်။
OEM စနစ်ဖြင့် တင်သွင်းထားသော ကားများမှာ Mini Truck Nissan Clipper ဟု ကြေငြာထားပီး အမှန်တစ်ကယ်တင်သွင်းရာတွင် Mini Truck Mitsubishi minicab ကားများတင်သွင်းလာခြင်း Brand Name ကွဲလွဲသည့်ကားများကို ဆိုလိုခြင်းဖြစ်ကြောင်းသိရပါတယ်။

ခေတ်သစ်

Author