နောက်နှစ်တွင် ကားတင်သွင်းရမယ့် Model year သတ်မှက်ချက်များကို နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေငြာပေးသွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးညွန်ကြားရေးမှူးတစ်ဦးပြောခဲ့သည်။တင်သွင်းရတော့မည့် ကားမော်ဒယ်များကို ထုတ်ပြန်ပေးရန်ဆောက်ရွက်နေပြီဖြစ်ရာ မြန်ဆန်စွာထုတ်ပြန်နိုင်ရေး ဆွေးနွေးမှူတွေလုပ်ဆောင်နေပြီဖြစ်တယ်လို့ပြောပါတယ်။
ကားတင်သွင်းရမည့် Model year များသည် ခေတ်အနေအထားကိုလိုက်ကာပြောင်းလဲမှူတွေရှိလာနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ကားတင်သွင်းတာကို သတ်မှတ်သွားမှာဖြစ်ပါတယ်။Model year သတ်မှတ်တာကို မူကြမ်းထုတ်ပြန်ထားတာတွေလည်းမရှိသလို ကားတင်သွင်းမှူက အမျိူ းအစားကွဲပြားတာတွေအလိုက် ခွဲခြားထုတ်ပြန်ပေးမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ကားလောကတွင်ကြိုတင်သတင်းများထွက်နေရာ ယာဉ်အိုယာဉ်ဟောင်းစနစ်နဲ့တင်သွင်းတာကို ၂ဝ၁၁ မိုဒယ်ကစကာ တင်သွင်းရမှာဖြစ်ပြီး ဖရီးပါမစ်တစ်ဦးချင်းတင်သွင်းမှုက ၂ဝ၁၁ မိုဒယ်ကနေ ၂ဝ၁၅ မော်ဒယ်ဖြစ်လာမယ်လို့ ကားတင်သွင်းရောင်းချသူတွေက ခန့်မှန်းထားကြပါတယ်။
ခေတ်သစ်