ပြည်ပမှ သွင်းလာသော စင်္ကာပူနိုင်ငံထုတ်ကားများမှ သတ်မှတ်ချက်ပြည့်မှီသော ကားများကို ပြန်လည်ထုတ်ပေးမည်

0

Full article

![](/redline/content/images/2017/05/gegegegeg-300x183.jpg)

ပြည်ပနိုင်ငံမှ သွင်းလာသော စင်္ကာပူနိုင်ငံထုတ်ကားများမှ သတ်မှတ်ချက်ပြည့်မှီသော ကားများကို ပြန်လည်ထုတ်ပေးမည် ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။ အကောက်ခွန်ဥပဒေမူအရ Chassis မှန်မမှန်စစ်နေတာပါ။ အထောက်အထားအချက်အလက်ခိုင်လုံနေရင် အကုန်လုံးပြန်ထုတ်ပေးမှာပါဟု အကောက်ခွန်ဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။စင်္ကာပူနိုင်ငံမှ တင်သွင်းထားသည့်လုပ်ငန်းသုံးယာဉ်များကို အကောက်ခွန်ဦးစီးဌာနမှ (Chassis record ) မရှိဟု ဆို၍ ဆိပ်ကမ်းမှ ထုတ်ယူခွင့်မပေးသဖြင့် ဆိပ်ကမ်းထားခ ကားတစ်စီးလျှင် ကျပ် ၁ဝ သိန်းအထိ ပေးဆောင်နေရကြောင်း လုပ်ငန်းသုံးကားများ တင်သွင်းနေသူများထံမှ သိရပါတယ်။ အရင်ထဲက ဒီကားတွေကို အစီးရေ ရာနဲ့ချီးပြီးသွင်းလာတာ ဘာပြသနာမှမရှိဘူး။ ဘာအကြောင်းနဲ့ ထုတ်မပေးတာလဲဆိုတာ သေချာပြောသင့်တယ်။ ကျသင့်တဲ့အခွန်ကို နိုင်ငံတော်ကို အခွန်ဆောင်ပပြီးသွင်းလာတဲ့ ကားတွေပါ။ သတ်မှတ်ထားတဲ့ အချက်နဲ့မကိုက်ညီဘူးဆိုရင်လည်း ပေးမသွင်းဘူးလို့ တရားဝင်ကြေငြာထားသင့်တယ်။ အခုက အကောက်ခွန်ဦးစီးဌာန က လုပ်ငန်းပိုင်းအားနည်းတာနဲ့ လုပ်ငန်းရှင်တွေကို ထိခိုက်တယ်။ ကားတွေသွင်းထားတာ ၁လခွဲလောက်ရှိနေပြီအခုထိ ဘာမှန်းမသိသေးဘူး။ ဆိပ်ကမ်းထားခက တစ်ရက်နဲ့တစ်ရက် ဆတိုး တက်တက်လာတယ်။ ကားတစ်စီးကိုတစ်လ ၁ဝ သိန်းလောက်ပေးနေရတော့ အဆင်မပြေဘူး။ ဌာနတစ်ခုနဲ့ တစ်ခုချိတ်ဆက်နေတာအားနည်းနေတာနဲ့ လုပ်ငန်းရှင်တွေပဲနစ်နာတယ်။ ဟု စင်္ကာပူနိုင်ငံထုတ်လုပ်ငန်းသုံးကားများတင်သွင်းရောင်းချနေသည့် ကို အောင်ကျော်ကပြောသည်။

ခေတ်သစ်

Photo Credit

Author