တစ်နှစ်နှိမ်မော်ဒယ် ကားတင်သွင်းလာပါက သိမ်းဆည်းမည်ဆိုသည်မှာ ယခုလအတွက် မဖြစ်နိုင်

0

Full article


မော်တော်ကားများတင်သွင်းလာမှုနှင့် ပက်သက်၍ သတ်မှတ်ထားသည့်မော်ဒယ်မဟုတ်ပဲ တစ်နှစ်နိမ့် မော်ဒယ် တင်သွင်းခြင်းကို သိမ်းဆည်းတော့မည်ဆိုသည်မှာ ယခုလအတွင်းလုပ်ဆောင်မည်မဟုတ်သေးကြောင်းသိရသည်။

ကားတင်သွင်းမှု မူဝါဒများ ပြောင်းလဲမည်ဆိုပါက လက်ရှိတင်သွင်နေလျှက်ရှိသည့် လုပ်ငန်းရှင်များအတွက် ထိခိုက်မှု အများအပြားဖြစ်ပေါ်နိုင်ပြီး သတင်းထုတ်ပြန်မှုများ ကြိုတင်ထုတ်ပြန်ပေးမှုများ လုပ်ဆောင်သင့်ကြောင်းသိရသည်။သွင်းလာတဲ့ကားတွေကို မော်ဒယ်နိမ့်ရင်သိမ်ဆည်းသွားမယ်ဆိုတာ အခုလထဲမှာမဖြစ်နိုင်သေးပါဘူး။သတင်းတွေကို သေချာထုတ်ပြန်ပီးမှယုံသင့်တယ်။အခုကတင်ပြထားဆဲပဲရှိသေးတာပါဟုအကောက်ခွန်နှင့်ပတ်သက်သည့်အသိုင်းအဂိုင်းမှပြောသည်။

သွင်းလာတဲ့ကားတွေကို မော်ဒယ်နိမ့်ရင် သိမ်းဆည်းသွားမည်ဆိုတာ အခုလထဲမှာ မဖြစ်နိုင်သေးပါဘူး။ သတင်းတွေကို သေချာထုတ်ပြန်ပြီးမှ ယုံသင့်တယ်။ အခုက တင်ပြထားတဲပဲရှိသေးတာပါ ဟု အကောက်ခွန်နှင့် ပက်သက်သည့် အသိုင်းအဝိုင်းမှပြောသည်။

ကားတင်သွင်းနေသူများမှာလည်း မူဝါဒများ ကြိုတင်ထုတ်ပြန်မှုမပြုလုပ်ပေးပါက နောင်တစ်ချိန်တွင် ပြဿနာများရှိနိုင်ကာ တစ်ဖက်နိုင်ငံသို့ ကားများပြန်လည်ပို့ဆောင်ရန်မလွယ်ကူကြောင်းသိရသည်။

ခေတ်သစ်

Author