ကားအရောင်းပြခန်းများသာမက တစ်ဦးချင်းအနေနဲ့ Brand New ကားများတင်သွင်းလျှင် ရန်ကုန်လိုင်စင်ရမည်

0

Full article

![width=300](/redline/content/images/2017/05/e-1-300x165.jpg)

ကားအရောင်းပြခန်းများသာမက တစ်ဦးချင်းအနေနဲ့ Brand New ကားများတင်သွင်းလျှင် ရန်ကုန်လိုင်စင်ရမှာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။ ကားအရောင်းပြခန်းများကနေ Brand New မော်တော်ယာဉ်များဝယ်ယူရာတွင် ကားဝယ်ယူသူမှပုံစံ(ဃ)ယာဉ်အို ယာဉ်ဟောင်းစလစ်အသုံးပြုပြီး ဝယ်ယူခွင့်ပါမစ်လျှောက်ရာတွင် အရောင်းပြခန်းမှ ပုံစံ(ဃ)စလစ်ဖြင့် မော်တော်ယာဉ်ဝယ်ယူခြင်းဟု ပါမစ်တွင်လျှာက်ထားလာပါက ရန်ကုန်လိုင်စင် ခွင့်ပြုဆောင်ရွက်ပေးမှာ ဖြစ်ရာ တစ်ဦးချင်းတင်သွင်းနေသူများလည်း Brand New ဘယ်မောင်း ကားများတင်သွင်းရင် ကားအရောင်းပြခန်းများအတိုင်း လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်လိုင်စင်ခွင့်ပြုပေးတာကို ပြီးခဲ့တဲ့ ၂ဝ၁၆ ဧပြီလမှစပြီး ရပ်ဆိုင်းထားခဲ့ပါတယ်။ ထိုကဲ့သို့ ရန်ကုန်လိုင်စင်ခွင့်မပြုခြင်းကြောင့် free permit ဖြင့်တင်သွင်းနေသော ကားများနှင့် အခြား မိုဒယ်မြင့် ကားများကိုတင်သွင်းနေသူများက

ရန်ကုန်မှာ ကားဝယ်စီးတဲ့သူတစ်ယောက်အနေနဲ့ ရန်ကုန်လိုင်စင်ရသင့်ပါတယ်။ ကားတစ်စီးဝယ်မယ်ဆို နယ်က လူတစ်ယောက်ရဲ့နာမည်ကိုဌားသုံးပီးဝယ်စီးနေရတယ်။ ရန်ကုန်လိုင်စင်ကို ယာယီရပ်ဆိုင်းတယ်လို့သာပြောတာ တစ်နှစ်ပြည့်ခါနီးပြီ။ အားလုံးကို တစ်ပြေးညီထဲ လုပ်သင့်တယ်။ ရန်ကုန်လိုင်စင်ပိတ်ထားလို့လဲ ကားပိတ်တာ လျှော့သွားတာလည်းမဟုတ်ဘူး၊

။ ကားအရောင်းအဝယ်လုပ်နေတဲ့သူအားလုံးက ရန်ကုန်က အဝယ်ကိုပဲအားထားပြီးလုပ်ကိုင်နေရတာ။ ရန်ကုန်မှာနေပြီး နယ်လိုင်စင်နဲ့ စီးနေရတာတော့မဖြစ်သင့်ပါဘူး။ လို့ ပြောနေကြသည်။

ခေတ်သစ်

Photo Credit

Author