လိုင်စင်မဲ့ တင်သွင်းနေသော လမ်းကြောင်းများ တင်းကြပ်စွာ စစ်ဆေးသွားမည်

0

Full article

လိုင်စင်မဲ့ကားများ တင်သွင်းနေသော လမ်းကြောင်းများကို လာမယ့်နှစ်ကစပြီး တင်း ကြပ်စွာ စစ်ဆေးသွားမှာ ဖြစ်ကြောင်း စီးပွား/ကူးသန်းဝန်ကြီးဌာန ကသိရသည်။

လိုင်စင်မဲ့မော်တော်ယာဉ်များ တင်သွင်းသွားလာနေသော ဂိတ်များကို တင်းကြပ်စွာ စစ်ဆေးသွားမည်ဖြစ်ရာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း စစ်ဆေးရေးအဖွဲ့များ ထားရှိမှာ ဖြစ်ပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ အစိုးရအဖွဲ့များနှင့် ပူးပေါ်င်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်းသိရသည်။

" လာမယ့်နှစ်မှာ နယ်စပ်ကားတင်သွင်းတာကို လိုင်စင်မဲ့ကားဝင်ရောက်တာတွေကို ထိထိရောက်ရောက် စစ်ဆေးသွားမယ်။ နယ်စပ်က ကုန်သွယ်ရေးလမ်းကြောင်းတွေမှာ လည်း ဌာနဆိုင်အဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေတာတွေ လုပ်သွားမယ်။ တစ်ဖက်နိုင်ငံက တစ်ဆင့်တင်သွင်းတာကိုလည်း ပြုလုပ်ခွင့်ပေးမှာ မဟုတ်တော့ပါဘူး "လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ဦးကပြောကြားသည်။

နယ်စပ်က တစ်ဆင့် လိုင်စင်မဲ့ ကားတင်သွင်းမှုမှာ ထိုင်းနိုင်ငံက အများဆုံးတင်သွင်းနေသည့်အတွက် တင်သွင်းလာနိုင်သော ဂိတ်များ စစ်ဆေးရေးအဖွဲ့ များထားရှိသွားမှာ ဖြစ်ကြောင်းသိရသည်။

နောက်ပိုင်းတွင် တစ်ဖက်နိုင်ငံက တစ်ဆင့်ခံတင်သွင်းလာသော ကားများကို ခွင့်မပြုတော့ဘဲ ထိုင်းနိုင်ငံထုတ်ကားများကိုသာ တင်သွင်းခွင့်ပေးမည်ဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ကားတင်သွင်းမှု အလိုအလျောက် ပိတ်သွားမှာ ဖြစ်ကြောင်း သိရ သည်။

လာမယ့်နှစ် မတ်လကစပြီး မြဝတီ တံတားပေါ်ကတစ်ဆင့် တင်သွင်းလာသည့် brand new ကားများဖြစ်ပါက ထိုင်းနိုင်ငံထုတ် ( CO) country original ဖြစ်ရမည်ဖြစ်၍ used ကားများ တင်သွင်းလာပါက ထိုင်းနိုင်ငံ ကာစတန်၏ import တင်သွင်းခွင့်ပြု အထောက်အထားပါရှိသော ကားများကိုသာ ဖြတ်သန်းသွားလာခွင့်ပေးမှာ ဖြစ်ကြောင်း သိရသည်။

R-01

Author