Body Coach ဖောက်စွပ်ပြောင်းလဲထားသော ကားအစီးရေ ၂၁၃ စီးကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်း

0

Full article

Body Coach ဖောက်စွပ်ပြောင်းလဲထားသော ကားအစီးရေ ၂၁၃ စီးကို ယာဉ်မှတ်ပုံတင်ဖျက်သိမ်းခဲ့ပြီး အစိတ်အပိုင်းမမှန်မကန်ပြောင်းလဲထားသော ကားအစီးရေ ၆ဝဝ နီးပါးအထိရှိနေကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနကနေ သိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနအနေဖြင့် လက်ရှိအစိုးရလက်ထက်တွင် ဌာနဆိုင်ရာယာဉ်ဖြစ်စေ၊ ပုဂ္ဂလိကယာဉ်ဖြစ်စေ body coach ပြောင်း ဆောင်ရွက်ပေးခြင်း မရှိခဲ့ကြောင်းနှင့် မူလမှတ်ပုံတင်ထားသော မှတ်တမ်းဝင်ယာဉ်ကိုယ်ထည်အား အခြားကိုယ်ထည်တစ်ခုဖြင့် အစားထိုးခြင်းသည် အတုကို အစစ်ဖြစ်အောင်ပြုလုပ်ထားခြင်းသာဖြစ်ကြောင်း သိရသည်။

Body Coach ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိပါက ယာဉ်မှတ်ပုံတင် ဖျက်သိမ်းသွားမည် ဖြစ်ရာ မူလမှတ်ပုံတင်ထားသော မှတ်တမ်းဝင်ယာဉ် ကိုယ်ထည်ကို အခြားကိုယ်ထည တစ်ခုခုဖြင့် အစားထိုးပြောင်းလဲထားခြင်း၊ သီးခြား ဖရိန်ပါရှိသော ယာဉ်များတွင် မူလဖရိန်အမှတ်ပါ သံပြားအား အခြားယာဉ်တွင် ဖြတ်ဆက် ပြောင်းလဲခြင်း ဖရိန်အမှတ်ဖောက်ထည့်ခြင်းမရှိဘဲ မူလဖရိန်ပေါ်တွင် body coach ပြောင်းလဲတပ်ဆင်ခြင်း၊ chassic member တန်းအား ဖောက်ထည့်ဖြတ်ဆက်ခြင်း၊ member တန်းပြန်လည်တွဲဆက်၍ ပြောင်းလဲခြင်း များကို body coach ပြောင်းလဲထားသော ယာဉ်အဖြစ်သတ်မှတ်မည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနကနေ သိရသည်။

Body coach တွင်ပါရှိသော ဖြုတ်တပ်နိုင်သည့် bonnet၊ bumper တံခါး၊ ထိုင်ခုံ၊ ပါးခြမ်းတို့နှင့် shell ၊ မီးခွက်စသည့်အစိတ်အပိုင်းများအနက် ယာဉ်တိုက်ခိုက်မှု/ယာဉ်ထိခိုက်မှုတို့ကြောင့် အချိူ့အစိတ်အပိုင်းများ အစားထိုးပြောင်းလဲခြင်းကို body coach ပြောင်းခြင်းဟု သတ်မှတ်မည်မဟုတ်ကြောင်း သိရသည်။

Law Enforcement
Update News

Author