IKBZ Insurance မှ မော်တော်ယာဉ်အသစ်တစ်စီး အစားထိုးဝယ်ယူရန်အတွက် အာမခံတန်ဖိုးငွေပေးလျော်ခြင်း

0

Full article

လူဘဝတွင် မဖိတ်ခေါ်ဘဲ ရောက်လာတတ်သည့် ဧည့်သည်မှာ မတော်တဆထိခိုက်ပျက်စီးဆုံးရှုံးမှုပင် ဖြစ်သည်။ ယင်းကို မည်သူမှ လိုလားတောင့်တမှုမရှိသော်လည်း ကံအကြောင်းမလှလျှင် ရောက်လာတတ်သည့် ဆိုးကံတစ်ခုပင်ဖြစ်ပါသည်။

အကောင်းဆုံးကို မျှော်လင့်ပြီး အဆိုးဆုံးအခြေအနေကို ရင်ဆိုင်ပြင်ဆင်ရမည်ဆိုသော သဘောထားကို လက်ခံထား သည်ဆိုလျှင် ဆိုးကံများကတစ်ဆင့်ဖြစ်ပွားလာသော ပျက်စီးဆုံးရှုံးမှုအကျိုးဆက်များ မကြီးထွားလာစေရန် ကာကွယ်လို့ရ ပါသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်မူဝါဒများ ပြောင်းလဲပြီးနောက်ပိုင်း မော်တော်ယာဉ်များသည် ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံ၏ မြို့ကြီးများတွင် ပြာပန်းခပ်များပြားလာခဲ့ပါသည်။ ထိုသို့များပြားလာသည်နှင့်အမျှ ယာဉ်မတော်တဆထိခိုက် မှုများလည်း မလွှဲမရှောင်သာရှိလာခဲ့ပါသည်။ ထိုသို့ မတော်တဆထိခိုက်မှုများဖြစ်ပေါ်လာခဲ့သော် ပျက်စီးဆုံးရှုံးမှုများလည်း ကြီးမားကြောင်း ကိုယ်တိုင်လက်တွေ့ခံစားရသူတိုင်း သိနားလည်ကြပါသည်။ ထိုသို့ဆိုလျှင် ပျက်စီးဆုံးရှုံးမှုမကြီးထွား အောင် မည်သို့ကာကွယ်ကြမည်နည်း။ အကောင်းဆုံးနှင့် စိတ်အချရဆုံးနည်းလမ်းတစ်ခုမှာ အလုံးစုံမော်တော်ယာဉ် အာမ ခံထားရှိခြင်းပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်ရှိသော အာမခံလုပ်ငန်းများအနက် စိတ်ချယုံကြည်အားကိုးရသည့် အာမခံ လုပ်ငန်းတစ်ခုဖြစ်သော IKBZ တွင် အာမခံထားရှိခြင်းကြောင့် မိမိပျက်စီးဆုံးရှုံးမှုကို အကာအကွယ်ရရှိခဲ့သော လက်တွေ့ ဥပမာတစ်ခုကို ဖော်ပြချင်ပါသည်။

IKBZ Insurance တွင် အလုံးစုံမော်တော်ယာဉ်အာမခံထားရှိသော ဗိုလ်ကြီးမင်းဟိန်းသက် ပိုင်ယာဉ်အမှတ် (5L-3745) Volkswagen Golf ယာဉ်သည် (၃.၂.၂ဝ၁၈) ရက်နေ့တွင် ကမာရွတ်မြို့နယ်၊ ဘုရင့်နောင်လမ်းမကြီး၊ သင်္ဘောကျင်း မှတ်တိုင်အနီးတွင် ရှေ့ဘယ်ဘီးပေါက်ပြီး၊ လမ်းလယ်ကွန်ကရစ်တုံးများကို တိုက်မိကာ တိမ်းမှောက် ခဲ့ပါသည်။

အဆိုပါ ယာဉ်ပျက်စီးမှုအတွက် မော်တော်ယာဉ်အသစ်တစ်စီး အစားထိုးဝယ်ယူရန် အတွက် အာမခံတန်ဖိုးငွေ ပေးအပ်ပွဲကို (28.2.2018) ရက်နေ့တွင် IKBZ Insurance (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ပါသည်။ Claim Division ၏ အထွေထွေမန်နေဂျာ ဦးသန်းဇော်မှ အာမခံထားသူ ဗိုလ်ကြီးမင်းဟိန်းသက် (ကိုယ်စား) ဦးချမ်းငြိမ်းစိုး ထံသို့ ငွေကျပ် 19,000,000/- တိတိကို ပေးအပ်ခဲ့ပါသည်။ အာမခံထားသူမှလည်း အခုလိုလျော်ကြေးငွေကို မြန်မြန် ဆန်ဆန်ဆောင်ရွက် ပေးသည့်အတွက် IKBZ အာမခံကုမ္ပဏီအား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြန်လည်ပြောကြား ခဲ့ပါသည်။
ယင်းလက်တွေ့ဥပမာကိုကြည့်လျှင် အာမခံထားသူ ဗိုလ်ကြီးမင်းဟိန်းသက်အတွက် အမှန်ပင်မုဒိသာပွားမိပါသည်။ အလုံးစုံ မော်တော်ယာဉ်အာမခံပေါ်လစီတွင် ပါဝင်သော အခြေခံအကာအကွယ်များပါ အချက်တစ်ခုဖြစ်သည့် ယာဉ်တိုက်မိခြင်းနှင့် တိမ်းမှောက်ခြင်းအချက်အရ အာမခံလျော်ကြေး သိန်း ၁၉ဝ တိတိ ရရှိခဲ့ပါသည်။ ယင်းကိုကြည့်ခြင်းအားဖြင့် အာမခံ ထားရှိလျှင် ဘယ်လောက်အထိ မိမိ၏ စည်းစိမ်ဓနကို ကာကွယ်ရာရောက်ကြောင်း လယ်ပြင်မှာ ဆင်သွားသလို ထင်ထင် ရှားရှား တွေ့မြင်ရပါသည်။ ထို့အတွက်ကြောင့် မော်တော်ယာဉ်ပိုင်ဆိုင်သူ တစ်ဦးချင်စီတိုင်း၊ အဖွဲ့အစည်းတိုင်း အလုံးစုံ မော်တော်ယာဉ်အာမခံကို အသိသတိဖြင့် ထားရှိသင့်ကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

IKBZ အာမခံကုမ္ပဏီသည် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်နှင့် စီးပွားရေးလုပ်ငန်းများကို ကာကွယ်ရန် အလုံး စုံမော်တော်ယာဉ်ထိခိုက်မှုအာမခံ၊ မီးနှင့်တွဲဖက် ဘေးအန္တရာယ်အာမခံ၊ ငွေပို့ငွေသယ်အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ သမာဓိအာမခံ၊ကုန်စည်ပို့ဆောင်ရေးအာမခံ၊ ခရီးသွားအာမခံ၊ ပြည်သူပြည်သားအသက်အာမခံ၊ စုပေါင်း အသက်အာမခံ၊ မြွေအန္တရာယ်အာမခံ၊ အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ကျန်းမာရေးအာမခံ၊ တောင်သူလယ်သမား အသက် အာမခံ၊ ကိုယ်အင်္ဂါထိခိုက်မှုအာမခံ၊ ရေယာဉ်ကိုယ်ထည်အာမခံလုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ခရိုင်မြို့များ တွင် ရုံးခွဲ (၁၉)ရုံးဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ IKBZ က ပေးအပ်သည့် အလုံးစုံအာမခံနှင့် ပတ်သက်ပြီး အသေးစိတ် စုံစမ်းမေးမြန်းလိုပါက https://www.carsdb.com/my/pages/insurance/premium-calculator တွင် ဖောင်ဖြည့်ပြီး စုံစမ်းနိုင်သလို Hotline No – 09 426066619 ကို ဆက်သွယ်၍ မေးမြန်းနိုင်ပါတယ်။

"ယုံကြည်အားထား IKBZ အာမခံစွမ်းအား"
"IKBZ Insurance you can rely on"

Author