ယာဉ်မှန်၊မမှန် စစ်ဆေးသည့်ကားများ ရက်ချိန်းယူရန် အမှန်တကယ် အခက်အခဲဖြစ်နေကြောင်း ယာဉ်ပိုင်ရှင်ကိုယ်တိုင်လာရောက်တင်ပြပါက လုပ်ငန်းဆောင်ရွက်ပေးမည်

0

Full article

မှတ်ပုံတင်ပြုလုပ်ထားသည့် ယာဉ်ဟုတ်မဟုတ် ယာဉ်မှန်မမှန် စစ်ဆေးရန် online booking စနစ် ရက်ချိန်းယူစစ်ဆးရန်အတွက်အမှန်တကယ် အခက်အခဲဖြစ်နေကြောင်း ယာဉ်ပိုင်ရှင်ကိုယ်တိုင်လာရောက်တင်ပြပါက လုပ်ငန်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနက သိရသည်။

တစ်ပတ်ရစ်ကားအရောင်းအဝယ်များပြုလုပ်ရာတွင် body coach ဖောက်စွပ် ဖြတ်ဆက်ကားများ သိမ်းဆည်းမည်ဆိုသောသတင်းများကြောင့် ယာဉ်မှန် ၊မမှန်စစ်ဆေးပြီးမှ ဝယ်ယူမှုများရှိနေပြီး ယာဉ်မှန်၊ မမှန် စစ်ဆေးရန် online ရက်ချိန်းရယူရာတွင်လည်း ကြိုတင်ရက်ချိန်းယူထားသော ကားများ ယခုလအထိတိုင် တိုကင်ယူထားမှုများ ပြည့်နေ၍ အဆင်မပြေမှုများ ရှိနေကြောင်းသိရသည်။

" ယာဉ်မှန်မမှန် စစ်ဆေးဖို့ online ရက်ချိန်းယူတာ တစ်ကယ်အခက်အခဲဖြစ်တယ်ဆိုရင် လာပြီးတင်ပြပါ။ လုပ်ငန်းဆောင်ရွက်ဖို့ကူညီပေးပါ့မယ်။ အခကြေးငွေလည်း ပေးစရာမလိုပါဘူး။ ပိုင်ရှင်ကိုယ်တိုင် လာပြီး တင်ပြရင်တစ်ကယ့်အခက်အခဲဖြစ်တယ်ဆိုရင် ကူညီပေးမှာပါ။"ဟု ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုအခါတွင် ယာဉ်စစ်ဆေးရန် online လျှောက်ထားသော်လည်း လာရောက်ပြုလုပ်ခြင်းမရှိသော ယာဉ်များမှာ အစီးရေ ၁ဝဝ အနက် ၄ဝ လောက်ရှိနေပြီး ထိုသို့ ပျက်ကွက်မှုများရှိခဲ့သော ယာဉ်များကို တစ်လအတွင်း စာရင်းပိတ်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက အသိပေးကြေညာ ထားရှိသည်။

Regulation

Author