ဖောက်စွပ်ကားများ မသိနားမလည်၍ ဝယ်ယူထားသူများနစ်နာနေ၍ သမ္မတထံ ပြော ကြား၍ မရပါက ကားလောကသားများအားလုံးဆန္ဒပြမည်

0

Full article

ကားအရောင်းအဝယ်ပြုလုပ်ရာတွင် ဖြစ်ပေါ်နေသော ပြသာနာမှာ ဖောက်စွပ်၊ အခွံချိန်း၊အလုံးချိန်း ကားများကို ဝယ်ယူမိသူများနစ်နာနေ၍ နိုင်ငံတော်သမ္မတထံ တင်ပြ၍ မရပါက ကားလောကသားများအားလုံးဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်)ကသိရသည်။

Body Coach ပြောင်းလဲထားသည့်ကားများကို ၂ဝ၁၅ ခုနှစ်မော်တော်ယာဉ်ဥပဒေ ပုဒ်မ (၁၈) (င) နှင့်အညီ မှတ်ပုံတင် ဖျက်သိမ်းမိန့်များ ချက်ခြင်းထုတ်ပြန်ဆောင်ရွက်လျှက်ရှိရာ ယာဉ်မှတ်ပုံတင် အထောက်အထား များအားလုံး ယာဉ်မှတ်ပုံတင် စာအုပ်(ကမ-၃)၊ ယာဉ်မှတ်ပုံတင် သက်သေခံလက်မှတ် CVR၊ ယာဉ်စစ်ဆေးပြီးကြောင်းသက်သေခံအထော်ကအထား VIS ၊ ယာဉ်စစ်ဆေးချက်သက်သေခံလတ်မှတ် VIC၊ မော်တော်ယာဉ် မှတ်ပုံတင်နံပတ်ပြားကိုလည်း ဌာနမှ ချက်ခြင်းသိ်မ်းဆည်း၍ ယာဉ်မှတ်ပုံတင် ဖျက်သိမ်းပြီး၊ ယာဉ်အားရဲစခန်းသို့ အပ်နှံသွားမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အသိပေစ ကြေငြာထားရှိပါသည်။

"ဖောက်စွပ်ကားပြသနာကိစ္စကို နိုင်ငံတော်သမ္မတနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုဆီကို တိုင်တည်ပြီး ပြောကြားသွားမယ်။ အကယ်၍ မရရင် ကားလောကသားအားလုံးစုပြီး ဆန္ဒဖော်ထုတ်သွားမယ်။ ဖောက်စွပ်ကားကို ဝယ်ထားတဲ့မိသားစုဘဝတွေ အရမ်းနစ်နာနေတယ်။ တစ်ချို့တွေက မသိနားမလည်လို့ ကားကိုဝယ်ထားပြီး အခုချိန်ကားကို စစ်လိုက်တော့မှ ဖောက်စွပ်ကားဖြစ်နေတယ်ဆိုတာ မဖြစ်သင့်ဘူး။ ပြည်သူတွေ ကားပိုင်ရှင်တိုင်း ဒီဒုက္ခကို ခံစားနေရပါတယ်။ လွတ်တော်မှာလည်း ပြည်သူတွေခံစားနေရတဲ့ ပြသာနာကို ပြည်သူ့ကိုယ်စားလှယ်တွေက တင်ပြဆွေးနွေးသင့်တယ်။"ဟု မော်တော်ကားရောင်းဝယ်ရေးအသင်း (ရန်ကုန်) ဥက္ကဌ ဦးအောင်သန်းဝင်းက ပြောကြားသည်။

၂ဝ၁၆ နှစ်အကုန်တွင် ကုန်လမ်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနက အခွံချိန်း၊ အလုံးချိန်းခြင်း၊ body coach ပြောင်းလဲသောကားများကို RTA ထု၍ ကားအမျိုးအစား အလိုက် ၁ဝသိန်း ၅သောင်း မှစ၍ အခွန်များပေးဆောင်ပြီး တရားဝင်မှတ်ပုံတင် လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

Market, Protest

Author