ကျောင်းကားစနစ်တွင် အမျိုးသမီးယာဉ်ကြီးကြပ်လုပ်သားလိုအပ်ပါက လုံခြုံရေးကုမ္ပဏီများနှင့်ချိတ်ဆက်သွားမည်

0

Full article

လာမည့် ၂ဝ၁၈-၂ဝ၁၉ စာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများတွင် school bus ကျောင်းကားစနစ် စတင်ပြေးဆွဲသွားမည်ဖြစ်ရာ ကျောင်းကားစနစ်အတွက် အမျိုးသမီး ယာဉ်ကြီးကြပ်လုပ်သားများလိုအပ်ပါက လုံခြုံရေးကုမ္ပဏီများနှင့် ချိတ်ဆက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူ ပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ကနေသိရပါသည်။

" အမျိုးသမီးယာဉ်ကြီးကြပ်နေရာက လာရောက်လျှောက်ထားတာ နည်းသေးတယ် သတ်မှတ်ထားတဲ့ အရေအတွက် မှန်းထားသလောက် မပြည့်ရင်လုံခြုံရေးကုမ္ပဏီနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမယ်။"ဟု အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု အာဏာပိုင်အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောင်းကားစနစ်ပြေးဆွဲရန် ယာဉ်မောင်းများနှင့် ယာဉ်ကြီးကြပ်သူ အမျိုးသမီးများခေါ်ယူနေရာ ပညာအရည်အချင်း အနည်းဆုံး ၇ တန်းအောင်မြင်သူဖြစ်ရမည်ဖြစ်ပြီး ယာဉ်မောင်းသူမှာ အသက် ၃၅ နှစ်မှ ၅ဝ နှစ်အထိလည်းကောင်း၊ ယာဉ်ကြီးကြပ်သူမှာ အသက် ၂ဝ နှစ်မှ ၃၅ နှစ်အထိလည်းကောင်း ရှိရမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယာဉ်မောင်းသူမှာ အနိမ့်ဆုံး ဃ ယာဉ်မောင်းလိုင်စင် ကိုင်ဆောင်ထားသူများနှင့် ရည်မွန်ပြီး ဆက်ဆံရေးကောင်းသူများဖြစ်ရမည်ဟု သတ်မှတ်ခေါ်ယူထားရာ ယာဉ်မောင်း ၁ဝဝ ကျော်လျှောက်ထားလာသော်လည်း ယာဉ်ကြီးကြပ်သူအမျိုးသမီးများ လျှောက်ထားမှု ၆ဝ ဦးခန့်သာ ရှိသေးကြောင်းသိရသည်။

Regulation

Author