လိုင်စင်မဲ့ကားများ နီးစပ်ရာ နေအိမ်များတွင်ရှိနေပါက နယ်မြေရဲထံသတင်းပေးတိုင်ကြားနိုင်

0

Full article

ရန်ကုန်တိုင်းအတွင်းတွင် လိုင်စင်မဲ့ကားများ နီးစပ်ရာ နေအိမ်များတွင်ရှိနေပါက နယ်မြေရဲတပ်ဖွဲ့စခန်းများထံ သတင်းပေးတိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရန်ကုန်တိုင်းအတွင်း သွားလာနေသော လိုင်စင်မဲ့ without ကားများကို ဌာနပေါင်းစုံပူးပေါင်း၍ စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးမှုများလုပ်ဆောင်နေသော်လည်း နေအိမ်များ ခြံဝန်းများအတွင်းရှိနေသော လိုင်စင်မဲ့ကားများကို သတင်းရရှိမှသာ ဝင်ရောက်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

"လိုင်စင်မဲ့ကားတွေကိုစီမံချက်နဲ့ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေပါတယ်။အိမ်တွေဝန်းတွေထဲအထိ ဝင်ရှာတာတော့မလုပ်သေးပါဘူး။ နီးစပ်ရာ အိမ်ဝန်းထဲတွေမှာ လိုင်စင်မဲ့ကားတွေ ရှိနေရင်လည်း နီးစပ်ရာနယ်မြေရဲကို အကြောင်းကြားပြီး သတင်းပေးတိုင်တန်းလို့ရပါတယ်။"လို့ ရန်ကုန်တိုင်းယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံး က တာဝန်ကျအရာရှိတစ်ဦးက ပြောကြားသည်။

ယခု၂ဝ၁၈ ခုနှစ်အတွင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လိုင်စင်မဲ့ without ကားဖမ်းဆီးရရှိခဲ့မှုမှာ ကားအစီး ၄ဝ စီးအထိ ရှိခဲ့ပြီး လိုင်စင်မဲ့ကားအများဆုံးဖမ်းဆီးရမိမှုထဲတွင် မိုဒယ်မြင့် အိမ်စီး ဆလွန်းကားများ တက္ကစီကားများပါဝင်နေကြောင်း သိရသည်။

Law Enforcement

Author