Full article

မော်တော်ယာဉ်ပါမစ် လျှောက်ထားမှုအတွက် Bank Statement ၊ မှတ်ပုံတင်နှင့် အိမ်ထောင်စု ဇယားများကို အတုပြုလုပ်ပါက ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း 'စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သွင်းကုန်၊ ထုတ်ကုန်ဌာန(OSS)' မှ ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။export1

မော်တော်ယာဉ်ပါမစ်များ လျှောက်ထားခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များသည် မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနှင့် Bank Statement များ အတု ပြုလုပ် လျှောက်ထားမှုများရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ စိစစ်တွေ့ရှိခဲ့သည်။ သို့ဖြစ်၍ လျှောက်ထားသော ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအနေဖြင့် မိမိတို့ လျှောက်ထားသည့် မှတ်ပုံတင်၊ အိမ်ထောင်စုဇယား၊ Bank Passbook များအား မလျှောက်ထား မီ မှန်ကန်မှု ရှိ၊ မရှိ စနစ်တကျ စစ် ဆေးရန်နှင့် မှန်ကန်မှုရှိမှသာ လျှောက်ထားရမည် ဖြစ်ပြီး အတုပြုလုပ်၍ လျှောက်ထားလာကြောင်း စိစစ်တွေ့ရှိပါက ကုမ္ပဏီလုပ်ငန်းရှင်၊ ကိုယ်စားလှယ်များအား ဥပဒေ အတိုင်း ဆက်လက် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထက်ပါဌာနမှ အသိပေးကြေညာခဲ့သည်။

Ref : Autombile

Author