ဆိပ်ကမ်းများအတွင်း ID ဖွင့်လှစ်ထားပြီးသည့် Delivery Van ကားအစီးရေ ၂ဝဝ ခန့်ကိုသာ သတ်မှတ်ဒဏ်ကြေးအတိုင်း ကားများပြန်လည် ထုတ်ယူခွင့်ပေးမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။
ID ဖွင့်လှစ်ပြီးသောဆိပ်ကမ်းများရှိ Delivery Van ကားများကို ယခင် ကြီးကော်အစည်းအဝေးတွင် သတ်မှတ်ထားသော ဒဏ်ကြေးအတိုင်း အုပ်စု (ဂ)ကားများ 1/4 AV နှင့် အုပ်စု (ဃ)ကားများ 1/AV ဒဏ်ကြေးအတိုင်း လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ နယ်စပ်တွင် တင်သွင်းထားရှိသော ကားများ လုပ်ငန်းဆောင်ရွက်ပေးရာတွင် ပါဝင်မည် မဟုတ်ကြောင်း သိရသည်။
"ဆိပ်ကမ်းတွေမှာ အရင် ID ဖွင့်လှစ်ပြီး စစ်ဆေးဖို့ ကျန်နေတဲ့ Delivery Van ကားတွေကို လုပ်ငန်းလုပ်ဆောင်ပေးသွားမှာပါ။ ဆိပ်ကမ်း ကားတွေက ဆိပ်ကမ်းထဲမှာရှိတယ်။ နယ်စပ်ကနေတင်သွင်းထားတဲ့ကားတွေတော့ လုပ်ငန်းလုပ်တဲ့အထဲမပါ ပါဘူး။" ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
Delivery Van ကားအုပ်စု (ဂ) ကို ယခင်က 1/4 AV ဒဏ်ကြေးဖြင့်သာ ထုတ်ယူရန်နှင့် အုပ်စု (ဃ) တွင်ပါဝင်သော ကားများအား 1/AV ဒဏ်ကြေးပေးဆောင်ကာ လူစီးကားအဖြစ် ယာဉ်မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်သည်။