Full article

ရန်ကုန်၊ ဇူလိုင် ၃၁

IBTC Group of Companies မှ ရန်ကုန်မြို့တွင် Mercedes Benz Showroom ဖွင့်လှစ်ကာE Class Brand New ကားများကို စတင် မိတ်ဆက်ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။


6312935128_7bbe64b969_z-500x332

(Photo Credit)

Diamler AG နှင့် Jardine Cycle and Carriage တို့ ပူးပေါင်း၍ Mercedes Benz သုံးစွဲသူများအား လွန်ခဲ့သော နှစ်ပေါင်း ခြောက်ဆယ်ကျော်ကတည်းက ရောင်းချပေးခဲ့ရာ ယခုအခါ IBTC Group of Companies မှ ဥက္ကဋ္ဌ ဖြစ်သူ ဦးအောင်မိုးကျော်သည် ဂျာမနီနိုင်ငံမှ Mercedes Benz နှင့် ချိတ်ဆက်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် ဇိမ်ခံကားများကို တင်သွင်း ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

"Mercedes Benz ကားများ ရောင်းချမှုနှင့် ပတ်သက်၍ ဦး အောင်မိုးကျော်က "နိုင်ငံတော်ရဲ့ ပွင့်လင်းလာတဲ့ စီးပွားရေးအပေါ်မူ တည်ပြီး Jardine Cycle and Carriage Ltd နှင့် ပူးပေါင်းကာ ကမ္ဘာ့အဆင့် နံပါတ်တစ်ဖြစ်တဲ့ ဂျာမနီနိုင်ငံထုတ် Mercedes Benz Brand New ကားတွေကို တင်သွင်း ရောင်းချဖြစ်ခဲ့တာပါ၊ နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကြောင့်လည်း Mercedes Benz Service Centre ကိုလည်း လုပ်ကိုင်ခွင့် ရရှိခဲ့ပါတယ်၊ ဒီလုပ်ငန်းကို လုပ်ကိုင်တဲ့ နေရာမှာ ရေရှည် ရင်းနှီးမြှုပ်နှံဖို့ ရည်ရွယ်ထားပြီး မဆေးဒီးစ်ဘန့်ဇ် စီးရီးစ်အကုန်လုံးကို ရောင်းချမှာ ဖြစ်ပါတယ်၊ အခုလောလောဆယ် မှာတော့ ၂ဝ၁၃ မိုဒယ်ဖြစ်တဲ့ Mercedes Benz E Class ကားတွေကို စတင်မိတ်ဆက် ရောင်းချပေးမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ အဆင့်မြင့်ကားတွေကိုကြိုက်ပြီး ငွေကြေး အသင့်အတင့် တတ်နိုင်သူတွေအတွက် ရည်ရွယ်ပြီး မဆေးဒီးစ်ဘန့်ဇ် ကားတွေကို ရောင်းချဖြစ်ခဲ့တာပါ၊ အခုအချိန်မှာ မဆေးဒီးစ်ဘန့်ဇ် ကားတွေကို ဝယ်ယူလိုသူတွေအတွက် အော်ဒါ ပုံစံနဲ့ မှာယူပေးပြီး နောက်ခြောက်လလောက်ကြာရင် အရောင်းပြခန်းမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။

Mercedes Benz Showroom ကို ပြည်လမ်း၊ မရမ်းကုန်း မြို့နယ်တွင် ဖွင့်လှစ်ထားကြောင်း သိရသည်။

Auto Mobile Journal မှ ကူးယူဖော်ပြသည်။

Author