Full article

ရန်ကုန်တိုင်းဒေသကြီးတွင် ခရီးသည်များ စီးနင်းလိုက်ပါသည့် မော်တော်ယာဉ်များ၊ သင်္ဘောများတွင် စီးနင်းခ အလွယ်တကူ ပေးဆောင်နိုင်ရန် i-Pay စနစ်ဖြင့် i-Pay ကဒ်များကို ရောင်းချပေးလျှက်ရှိရာ လက်ရှိအချိန်အထိ i-Pay ကတ် (၆၅ဝဝဝဝ) ခန့် ရောင်းချမှုရှိခဲ့သော်လည်း ယင်း i-Pay ကဒ်ကို နေ့စဉ်အသုံးပြုသူ ဦးရေမှာ (၃၄ဝဝ) ခန့်သာ ရှိနေသောကြောင်း သိရှိရပါသည်။

I-Pay

ပန်းဆိုးတန်း-ဒလဆိပ်ကမ်း တွင်လည်း i-Pay စနစ်ထားရှိ ပေးထားပြီး လက်ရှိအချိန်တွင် ယင်းစနစ်များကို ကျောင်းများတွင် အသုံးပြုနိုင်ရန် ဆောင်ရွက်နေပြီး ဒဂုံတက္ကသိုလ် ကျောင်းဝင်း အတွင်းရှိ ကန်တင်း (၄) ခုတွင် စတင်ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် i-Pay ကတ်ကို နေ့စဉ် အသုံးပြုနေသည့် မော်တော်ယာဉ်လိုင်းတွင် (၁၅ဝဝ) ဦးခန့်၊ သင်္ဘောတွင် (၁၈ဝဝ) ဦးခန့်၊ ကန်တင်းတွင် (၁ဝဝ) ဦးခန့် အသီးသီး အသုံးပြုနေ ကြကြောင်းလည်း သိရှိရသည်။ i-Pay သုံးသည့် ပြည်သူများကို ဝန်ဆောင်မှုပေးရန် i-Pay Station (၉) ခု ၊ i-Pay Bus Stand (၉) ခု တည်ဆောက် ပးထားပြီး ထပ်မံပြီး i-Pay Bus Stand (၂၂) ခုကို တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ I-Pay ကဒ်ဖြင့် ငွေပေးချေမှု ကို (၂ဝ၁၂) ခုနှစ် ဧပြီ (၂) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းပြေးဆွဲသော ခရီးသည်တင် ဘတ်စ်ကားများတွင် i-Pay စက်တပ်ဆင် ပေးထားသည်မှာ (၂ဝ၁၃) ခုနှစ်၊ နိုဝင်ဘာလအထိ ယာဉ်အစီးရေ (၃၃၅) စီး အထိရှိလာ ခဲ့ကြောင်း သိရှိရပါသည်။

Ref: Auto World

Author