SKD စနစ်ဖြင့်ထုတ်လုပ်ထားသော Hyundai Tucson 2020 မိတ်ဆက်ပွဲကို KANTHARYAR Shopping Center ၌ကျင်းပ

0

Full article

ပြီးခဲ့သော အောက်တိုဘာလ ၄ ရက်နေ့တွင် Shwe Daehan Motors မှ SKD စနစ်ဖြင့် ပြည်တွင်း၌ ထုပ်လုပ်တပ်ဆင်ထားသော Hyundai ၏ Tucson 2020 မိတ်ဆက်ပွဲအခမ်းအနားကို KANTHARYAR Shopping Center ၌ ညနေ ၃:၀၀ နာရီမှ ၅:၀၀ နာရီအတွင်းကျင်းပခဲ့သည်။

Tucson 2020 ကိုဈေးနှုန်းအားဖြင့် ၆၃၅ သိန်းဖြင့်ရောင်းချသွားမည်ဖြစ်ပြီး SKD စနစ်ဖြင့်ထုတ်လုပ်ထားသည့်အားလျော်စွာ ရန်ကုန်လိုင်စင်လည်း တစ်ပါတည်းရရှိမည်ဖြစ်သည်။ Tucson အသစ်တွင် 2.0-litre ဒီဇယ်အင်ဂျင်အမျိုးအစားကိုအသုံးပြုထားသည်ကိုတွေ့ရပြီး အမြင့်ဆုံးပါဝါထုတ်လွှတ်မှုအနေနှင့် 183hp အထိရှိကာ ဆီစားနှုန်းအနေဖြင့်ဆိုပါက မြို့တွင်း 12.8 km/l ၊ အမြန်လမ်း 20 km/l နှင့် ပျမ်းမျှ 16.7 km/l အထိရရှိနိုင်မည်ဟု Hyundai ကဆိုထား၏။

Hyundai Tucson အသစ်တွင် 8-inch infotainment မျက်နှာပြင်တပ်ဆင်ပေးထားပြီး Apple CarPlay နှင့် Android Auto နှစ်မျိုးစလုံးအသုံးပြုနိုင်သည်။ အရှေ့နှင့်အနောက်မီးများကို အထူးပြန်လည်မွမ်းမံထားခြင်း၊ လေအိတ်ခြောက်လုံးတပ်ဆင်ထားခြင်း၊ Safety Power Window ၊ Chrome-coated Outside Handles ၊ Wing Mirrors Repeaters & Puddle Lamps ၊ အနောက်မီးများကိုလည်း LED တပ်ဆင်ပေးထားခြင်း၊ Wireless Charging စနစ်၊ Push Button Start နှင့် Smart Key ၊ 18-inch အလွိုင်းခွေလေးလုံးအပြင် အပိုဘီးကိုပါဆိုဒ်ပြည့်တပ်ဆင်ပေးထားခြင်း၊ Smart Tailgate စနစ်နှင့် ကောင်းမွန်သည့်သားရေသားအုပ်ထိုင်ခုံများသည် 2020 Tucson ၏ အကြမ်းဖျင်းပါဝင်သောအချက်များဖြစ်၏။

Shwe Daehan Motors ၏ Hyundai Tucson အသစ်မိတ်ဆက်ပွဲတွင် 2020 Tucson အားကိုယ်တိုင်ကိုယ်ကျ စမ်းသပ်မောင်းနှင်ကြည့်နိုင်ပြီး 8-speed automatic transmission ကိုအသုံးပြုထားသည့်ကားဖြစ်သည်နှင့်လျော်ညီစွာ သွက်သွက်လက်လက်မောင်းနှင်နိုင်ပြီး ဂီယာအကူးအပြောင်းလည်းညက်ညောသည်ကိုတွေ့ခဲ့ရသည်။

Author