Hyundai Truck and Bus H-Fair ပွဲအား Novotel Yangon Max Hotel တွင်ကျင်းပခဲ့

0

Full article

Hyundai Truck and Bus H-Fair ပွဲကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ ရန်ကုန်မြို့ Novotel Yangon Max Hotel တွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင်  Hyundai Truck and Bus Myanmar ၏ Authorize Distributor GAMT Co.,Ltd ၏ Director ဦးအောင်မျိုးဇော်မှ အဖွင့်စကားပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံမှ Global Fleet development & support in HMC HQ , Simon Jeong မှ Hyundai ၏ Truck and Bus များနှင့် စပ်လျဉ်းပြီး ပြည့်စုံစွာ ရှင်းလင်းပြောကြားခဲ့သည်။ Hyundai Truck and Bus Myanmar မှ Xcient Tractor , HD 45 Box , HD 65 Box, HD 45 Cargo , HD 65 Cargo , Country Mini Bus , HD 700 Tractor , HD 270 Dump , HD 270 Mixer တို့ကို ၃၀ ရာခိုင်နှုန်းပေးသွင်းယုံဖြင့် အရစ်ကျဝယ်ယူနိုင်မည်ဖြစ်ပြီး  အရှည်ကြာဆုံးအာမခံဖြစ်သည့် ၃ နှစ် သို့မဟုတ် ၂၀၀,၀၀၀ ကီလိုမီတာ Warranty ရရှိမည်ဖြစ်သည်။ ထို့အပြင် H1 School Bus များကိုလည်း ၃၀ ရာခိုင်နှုန်း Downpayment အဖြစ် သိန်း ၁၄၀ + ဝယ်ယူခွန် ပေးသွင်းကာ (၃) နှစ်အရစ်ကျဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။ H1 School Bus ကို 3 year/ 100,000 Km Warranty ရရှိမည်ဖြစ်သည်။

Hyundai Truck and Bus ၏ Authorized Distributor ဖြစ်သော GAMT Co.,ltd @ General Arr Mahn Thit ၏ ရန်ကုန်အရောင်းပြခန်းကို အမှတ် ၃၉၉ (က) ၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) ၊ ရွာမအရှေ့ရပ်ကွက်၊ အင်းစိန်မြို့နယ်တွင် ဖွင့်လှစ်ထားပြီး Service Center အား အမှတ် (၄၅၀ - ၄၅၄) ၊ ကျန်စစ်သားလမ်း၊ ရွှေလင်းဗန်းစက်မှုဇုန်၊ လှိုင်သာယာမြို့နယ်တွင် ဖွင့်လှစ်ထားကြောင်းသိရသည်။

Author