Full article

ကိုရီးယားနိုင်ငံမှ Kolao နှင့် မြန်မာနိုင်ငံမှ Future International ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း၍ ကိုရီးယား Hyundai Brand New ကား Showroom ဖွင့်ပွဲအား သြဂုတ် ၃၁ ရက်နေ့တွင် သမိုင်းလမ်းဆုံရှိ Hyundai ကား Showroom ၌ ကျင်းပခဲ့သည်။

download-16

နိုင်ငံတကာအဆင့်မီ 3S( Sales, Service, Spare parts) အစရှိသည်တို့ကိုပါ One Stop Service အနေဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကာ ယခုလက်ရှိအချိန်တွင် Santafe, Sonata, Elantra, i30, H-1 နှင့် H-100 မော်ဒယ်လ် (၆)မျိုးအား တင်သွင်းရောင်းချမည်ဖြစ်ကြောင်း သိရှိရသည်။ နောက်ပိုင်းတွင် Azera, Accent, i20, i10, Eon, Veloster နှင့် Tucson မော်ဒယ်လ်များအား တင်သွင်းကာ မကြာခင်အချိန်တွင် နေပြည်တော်၊ မန္တလေးနှင့် အခြားမြို့ကြီးများတွင် Showroom များ ဖွင့်လှစ်ရောင်းချသွားမည်ဖြစ်ကြောင်းသိရှိရသည်။

ယခုဖွင့်လှစ်သော Showroom သည် မြန်မာနိုင်ငံအတွက် Hyundai ၏ ပထမဦးဆုံး တရားဝင် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် အိမ်စီးကားများ ရောင်းချခွင့်ရရှိထားကြောင်းသိရပြီး Hyundai Motor ကုမ္ပဏီကို ၁၉၆၇ တွင် စတင်တည်ထောင်ကာ နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် တရားဝင်ကိုယ်စားလှယ်ပေါင်း ၆ဝဝဝ ကျော်မှ တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရသည်။

Brand new ဘယ်မောင်းကားများအား ၃ နှစ် အာမခံပေးထားပြီး အကောင်းဆုံးဝန်ဆောင်မှုများပေးကာ သတ်မှတ်ရက်များတွင် Customer များအား အထူးအစီအစဉ်အနေဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရှရသည်။

Auto world Journal မှ ကူးယူဖော်ပြသည်။

Photo Credit by InSapphoWeTrust

Author