၂ဝ ရာခိုင်နှုန်းပေးချေပြီး အတိုးမယူ အရစ်ကျစနစ်ဖြင့် Hyundai ကားများ ရောင်းချပွဲ Myanmar Plaza တွင်ကျင်းပ

0

Full article

Yangon, 14 July 2017

Hyundai Motor ၏ မြန်မာပြည်တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သော International KLM Co., Ltd မှ Hyundai ကားများကို အသက်သာဆုံးပေးသွင်းငွေဖြင့် စတင်ရောင်းချပေးမည့်အစီအစဉ်တစ်ရပ်ကို ဇူလိုင်လ ၁၄၊ ၁၅၊ ၁၆ ရက်တွေမှာ မြန်မာပလာဇာမှာ ၃ရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရှိရပါတယ်။

Road Show ပွဲမှာ ရောင်းချသွားမည့်ကားအမျိုးအစားတွေကတော့ Sonata, Creta နဲ့ H-1 တို့ကို ပြသသွားမှာဖြစ်ပါတယ်။ Sonata အင်ဂျင်ပါဝါ 2.0 (A/T) ကို လက်ငင်းလျှော့ဈေး အမေရိကန်ဒေါ်လာ ၃၁ဝဝ၊ Creta အင်ဂျင်ပါဝါ 1.6 (A/T) ကို လက်ငင်းလျှော့ဈေး အမေရိကန်ဒေါ်လာ ၂၅ဝဝ နှင့် H-1 အင်ဂျင်ပါဝါ 2.5 (A/T) ကို လက်ငင်းလျှော့ဈေး အမေရိကန်ဒေါ်လာ ၂၄ဝဝ တို့ဖြင့် ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဝယ်ယူသော Customer များအနေဖြင့် အနည်းဆုံးငွေပေးချေမှုနှင့် ၂ဝ ရာခိုင်နှုန်း ပေးချေပြီး အထူး Promotion အနေဖြင့် အတိုးမယူဘဲ လစဉ်ငွေပေးသွင်းမှုများဖြင့် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ Hyundai ကားများကိုလည်း စမ်းသပ်မောင်းနှင်လိုပါကလည်း Test Drive Program များကိုပါ စီစဉ်ထားပါတယ်။

ထို့အပြင် Road Show ကာလအတွင်း လာရောက်လေ့လာဝယ်ယူသူများ စိတ်အပန်းပြေစေဖို့ နေ့လည် ၁၂ နာရီမှ ညနေ ၅ နာရီအထိ အမှတ်တရဓာတ်ပုံရိုက်ခြင်း၊ Tarot ဗေဒင်မေးခြင်း၊ Caricature အစရှိတဲ့ ဖျော်ဖြေရေးများအပြင် ကလေးများအတွက် ဘောလုံးအလှရုပ်များကိုပါ လက်ဆောင်အဖြစ်ပေးသွားမှာဖြစ်ပါတယ်။

Hyundai Motor Myanmar အရောင်းစင်တာများတွင် ရောင်းချသော ကားအမျိုးအစားများကို တောင်ကိုရီးယားနိုင်ငံရှိ အကြီးဆုံးကားထုတ်လုပ်ရေးကုမဏီဖြစ်တဲ့ Hyundai Motor မှ ထုတ်လုပ်ခြင်းဖြစ်ပြီး အဆိုပါကားများကို ၃ နှစ် (သို့) ကီလို ၁ဝဝ,ဝဝဝ အာမခံပေးထားပါတယ်။ Road Show ကာလကို ဇူလိုင် ၁၄၊ ၁၅၊ ၁၆ သုံးရက်တည်းသာ ကျင်းပသွားမည်ဖြစ်သည့်အတွက် စိတ်ပါဝင်စားသော Customer များအနေနှင့် Road Show ကာလအတွင်း လာရောက်ဝယ်ယူနိုင်ကြောင်း သတင်းရရှိပါတယ်။

စိတ်ပါဝင်စားသော Customer များအနေနှင့် Hyundai Motor Myanmar ရန်ကုန် Showroom အမှတ် (၂/၆)၊ ၂ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁-၅၂၂၇၂၃၊ ဝ၉ ၄၂၁ဝဝ ၂ဝ၅၁၊ Service Center ဖုန်း ဝ၁-၅၂၂၇၂၄ များသို့လည်း ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Author