Hyundai Myint Myat Maung ၏ အထူးဈေးရောင်းပွဲတော်ကို Junction Square ၌ သုံးရက်တိုင်တိုင်ကျင်းပလျက်ရှိ

0

Full article

Hyundai Myint Myat Maung ၏ အထူးဈေးရောင်းပွဲတော်ကို ၂၀၁၉၊ ဒီဇင်ဘာလ ၈ ရက်၊ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ရန်ကုန်မြို့ ကျွန်းတောလမ်းရှိ Junction Square ၌ ကျင်းပလျက်ရှိသည်။

Hyundai Myint Myat Maung ၏ အထူးဈေးရောင်းပွဲတော်တွင် Brand New Hyundai ကားသစ်များဖြစ်သော Grand i10, Creta , Accent , Tucson တို့ကို ပြသရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင် Hyundai ကားသစ်များကို လက်ငင်းငွေချေစနစ်ဖြင့်ဖြစ်စေ ဘဏ်ဖြင့်ချိတ်ဆက်ကာ ၅ နှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ဝယ်ယူနိုင်မည့်အပြင် ပြပွဲကာလအတွင်းသာရနိုင်မည့် အထူး Promotion များ၊ အထူးအခွင့်အရေးများအပြင် အထူးလက်ဆောင်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ဈေးနှုန်းများမှာ
Hyundai Grand i10
ကားတန်ဖိုး ၂၃၂ သိန်း+ ကညန ၁၈၀,၀၀၀ + ၃နှစ်စာ ဘီးခွန် ၁၆၅,၀၀၀+ ဝင်ငွေခွန် ၆၉၆,၀၀၀ကျပ်
ရန်ကုန်လိုင်စင်အမည်ပေါက် - အခွန်ပါအပြီးအစီး ၂၄,၂၄၁,၀၀၀ကျပ်

Hyundai Accent
ကားတန်ဖိုး ၂၉၉ သိန်း+ ကညန ၁၈၀,၀၀၀ + ၃နှစ်စာ ဘီးခွန် ၂၁၉,၀၀၀+ ဝင်ငွေခွန် ၈၉၇,၀၀၀ ကျပ်
ရန်ကုန်လိုင်စင်အမည်ပေါက် - အခွန်ပါအပြီးအစီး ၃၁,၁၉၆,၀၀၀ကျပ်

Hyundai Creta
ကားတန်ဖိုး ၄၅၀ သိန်း + ကညန ၁၈၀,၀၀၀ + ၃နှစ်စာ ဘီးခွန်၂၁၉,၀၀၀ + ဝင်ငွေခွန် ၁,၃၅၀,၀၀၀ ကျပ်
ရန်ကုန်လိုင်စင်အမည်ပေါက် - အခွန်ပါအပြီးအစီး ၄၆,၇၄၉,၀၀၀ ကျပ်

Hyundai Tucson
ကားတန်ဖိုး ၆၃၅ သိန်း + ကညန ၁၈၀,၀၀၀ + ၃နှစ်စာ ဘီးခွန်၂၁၉,၀၀၀ + ဝင်ငွေခွန် ၁,၉၀၅,၀၀၀ ကျပ်
ရန်ကုန်လိုင်စင်အမည်ပေါက် - အခွန်ပါအပြီးအစီး ၆၅,၈၀၄,၀၀၀ ကျပ် တို့ဖြင့်ရောင်းချသွားမည်ဖြစ်သည်။

Hyundai ကားသစ်များကို စိတ်ပါဝင်စားသူများအနေဖြင့် Junction Square တွင် Hyundai Myint Myat Maung ၏ အထူးဈေးရောင်းပွဲကို ၂၀၁၉ ဒီဇင်ဘာ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် နံနက် (၉) နာရီမှ ည (၉) နာရီအတွင်း စိတ်တိုင်းကျ ကြည့်ရှုလေ့လာ ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။

Author