Hyundai Myanmar Jade Crown, showroom ဖွင့်ပွဲအခမ်းအနားကို ဗိုလ်မှူးဗထူးလမ်းရှိ Hyundai Myanmar Jade Crown Showroom တွင်ကျင်းပခဲ့

0

Full article

Hyundai Myanmar Jade Crown, showroom ဖွင့်ပွဲအခမ်းအနားကို ၂၀၁၉ခုနှစ်၊ စက်တင်ဘာလ ၂၉ရက်နေ့တွင် ဗိုလ်မှူးဗထူးလမ်းရှိ Hyundai Myanmar Jade Crown Showroom တွင်ကျင်းပခဲ့သည်။


ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး Showroom ဖွင့်ပွဲကို ဒုတိယဗိုလ်ချုပ်ကြီး ကျော်သန်း (ငြိမ်း)၊ ပြည်ထောင်စုဝန်ကြီး (ငြိမ်း) ကျန်းမာရေးဌာနမှ ပါမောက္ခ ဒေါက်တာဖေသက်ခင်၊ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်း၊ Hyundai မှ Mr. DK Boek ၊ Myanmar Jade Crown Co.Ltd, မှ Managing Director ဦးညီညီမောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ Showroom တွင် Hyundai Brand New ကားသစ်များကို Yangon License ၊ 3 years/ 100,000 Km warranty များဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့အပြင် Showroom ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် Hyundai Brand New ကားများကို ၂၉.၉.၂၀၁၉ မှ ၅.၁၀.၂၀၁၉ ရက်နေ့အတွင်း လာရောက်ဝယ်ယူပါက 10% Down payment ပေးချေရုံဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည့်အပြင် အထူး Promotion လက်ဆောင်များကိုလည်းပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Hyundai Myanmar Jade Crown showroom တွင်
Hyundai Accent = ၂၉၉ သိန်း
အပြီးအစီးဈေး  =  ၃၁၂ သိန်း(ဝင်ငွေခွန်ပါ)
အပြီးအစီးဈေး =  ၃၀၃ သိန်း (ဝင်ငွေခွန်မပါ)
Hyundai Creta = ၄၅၀ သိန်း
အပြီးအစီးဈေး = ၄၆၇ သိန်း(ဝင်ငွေခွန်ပါ)
အပြီးအစီးဈေး = ၄၅၄ သိန်း (ဝင်ငွေခွန်မပါ)
Hyundai Grand i10 = ၂၂၄ သိန်း
အပြီးအစီးဈေး = ၂၃၄ သိန်း(ဝင်ငွေခွန်ပါ)
အပြီးအစီးဈေး = ၂၂၇ သိန်း (ဝင်ငွေခွန်မပါ) နှုန်းများဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။


Hyundai ကားသစ်များကိုစိတ်ပါဝင်စားသူများအနေဖြင့်  အမှတ် (၂၆၅)၊ ဗိုလ်မှူးဗထူးလမ်း၊ အရှေ့ဒဂုံ(မြို့သစ်)မြို့နယ်ရှိ Hyundai Myanmar Jade Crown Showroom တွင် သွားရောက်လေ့လာဝယ်ယူနိုင်သည်။

Author