Full article

မြန်မာသက္ကရာဇ် ၁၃၇၆ မှ ၁၃၇၇ သို့ကူးပြောင်းသည့် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်သမယတွင် Brand New ကားချစ်သူများ အတွက် နှစ်သစ်ကူးအထူးလက်ဆောင်မွန်အဖြစ် Brand New Hyundai ကားများအား ရောင်းချပေးနေသည့် Hyundai Motor Myanmar Showroom မှ အရောင်းမြှင့်တင်ရေးအစီအစဉ်ကျင်းပမည်ဖြစ်ပြီး အဆိုပါအရောင်းမြှင့်တင်ရေးကာလအတွင်း သတ်မှတ်ထားသည့် ကားမော်ဒယ်များကို အတိုးမဲ့အရစ်ကျရောင်းချပေးမည်ဖြစ်ပါသည်။

သင်္ကြန်အထူး Promotion ကာလကို မတ် ၂၃ မှ ဧပြီ ၃ဝ အထိသတ်မှတ်ထားပြီး Promotion ကာလအတွင်း လာရောက်ဝယ်ယူသူများ အနေဖြင့် သတ်မှတ်ထားသော ကားမော်ဒယ်များအား သတ်မှတ်ထားသောအရစ်ကျကာလဖြင့်ဝယ်ယူပါက အတိုးမဲ့ဝယ်ယူနိုင်ခြင်း၊ သို့မဟုတ် လက်ငင်းဝယ်ယူသည်ဆိုပါက အထူးလျှော့ဈေးများခံစားနိုင်ခြင်း စသည့်အထူးအခွင့်အရေးများရရှိနိုင်ပါမည်။ ဤ Promotion နှင့်ပတ်သက်၍ Hyundai Showroom မှ Marketing Manager ဦးမျိုးဝင်းက ဒီ Promotion လုပ်ရတဲ့ရည်ရွယ်ချက်က အရည်အသွေးကောင်းပြီး စွမ်းဆောင်ရည်မြင့်တဲ့ ကားအသစ်စက်စက်တွေကို Customer တွေလက်လှမ်းမီပြီး ဝယ်ယူနိုင်စေဖို့ ဖြစ်ပါတယ်။ Brand New Showroom တွေမှာ ကားကို အရစ်ကျဝယ်ရင် သတ်မှတ်ထားတဲ့အတိုးနှုန်းကိုပေးချေရပါတယ်။ အခု Promotion မှာ တစ်ချို့ကားတွေကို သတ်မှတ်ထားတဲ့ အရစ်ကျကာလနဲ့ ဝယ်ယူရင် ကျွန်တော်တို့အတိုးလုံးဝမယူပဲရောင်းချပေးပါမယ်။ ဒါကြောင့် ဝယ်ယူတဲ့ Customer တွေအတွက် တော်တော်သက်သာသွားမှာပါ။ တစ်ဆက်တည်းမှာလည်း နှစ်သစ်ကူးမှာ အားလုံးကျန်းမာချမ်းသာကြစေဖို့ ဆုတောင်းပေးလိုပါတယ် ဟုပြောကြားသွားပါသည်။ အတိုးမဲ့ဝယ်ယူနိုင်မည့်ကားမော်ဒယ်များနှင့် သတ်မှတ်ထားသည့် အရစ်ကျကာလတို့အား သိရှိနိုင်ရန်အတွက် Showroom သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။

MyanmarCarsDB မှ Hyundai ကားများကို ကြည့်ရန်

ထို့အပြင် Showroom သို့လာရောက်ကြည့်ရှုလေ့လာသူများအားလုံးအတွက်လည်း သင်္ကြန်လက်ဆောင်မွန်များ ပေးအပ်သွားမည်ဖြစ် သကဲ့သို့ သင်္ကြန်အထူးအစီအစဉ်အဖြစ် Hyundai Motor Myanmar ၏ Facebook စာမျက်နှာ (www.facebook.com/hyundaimm) တွင် ပျော်ရွှင်ဖွယ် Like & Share ပြိုင်ပွဲတစ်ခု ပြုလုပ်ထားကာ အထူးဆုအဖြစ် Hyundai Genesis ကားမော်ဒယ်ငယ်ကို ပေးအပ်မည်ဖြစ်ပါသည်။

Hyundai Motor Myanmar Showroom မှရောင်းချလက်ရှိသော ကားအားလုံးကို တောင်ကိုရီးယား၏အကြီးဆုံးကားထုတ်လုပ်သူ Hyundai မှ ထုတ်လုပ်ပေးထားပြီး ၃ နှစ် (သို့) ကီလို ၁ သိန်း အာမခံပါရှိပါသည်။ Hyundai အမှတ်တံဆိပ်သည် နိုင်ငံတကာတွင် အောင်မြင်နေသည့် အမှတ်တံဆိပ်ဖြစ်၍ ၂ဝ၁၄ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် Hyundai ကားပေါင်း ၄.၉၆ သန်းကျော်ကို ရောင်းချနိုင်ခဲ့ကာ Elantra ကဲ့သို့သောမော်ဒယ်တို့မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါသည်။ Hyundai ၏ မြန်မာနိုင်ငံတစ်ဦးတည်းကိုယ်စားလှယ်ဖြစ်သည့် Hyundai Motor Myanmar Showroom တွင် Azera ၊ SantaFe ၊ Genesis Coupe စသည့်ဇိမ်ခံကားများ၊ Sonata ၊ Elantra၊ i-30 အစရှိသည့် အလတ်စားအိမ်စီးကားများ၊ Grand i-10 ၊ Eon စသည့် Hatchback ကားငယ်များနှင့် H1 (van) နှင့် H100 (light truck) စသည့် လုပ်ငန်းသုံးကားများရောင်းချပေးနေပြီး Showroom ၏ ဆက်သွယ်ရန်လိပ်စာမှာ အမှတ် (၂/၆)၊ ၂ ရပ်ကွက်၊ အင်းစိန်လမ်းနှင့် သမိုင်းဘူတာရုံလမ်းထောင့်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း ဝ၁-၆၅၃ ၂၇၁၊ ဝ၉ ၄၂ ၁ဝဝ ၂ဝ၅၁ ဖြစ်ကာ မန္တလေးရုံးလိပ်စာမှာ အမှတ် (၁ဝ)၊ လမ်း ၄ဝ၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေး ဖုန်း ဝ၂-၃၆၇၉၇ ဖြစ်ပါသည်။

Author