Full article

မြန်မာ့မော်တော်ယာဉ်ဈေးကွက်အတွင်း ကိုရီးယားအခြေစိုက် နာမည်ကျော် ဟွန်ဒိုင်းမော်တော်ယာဉ်များ ဈေးကွက်ဝေစုပိုမိုရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြည်တွင်းသို့ ဟွန်ဒိုင်းမော်တော်ယာဉ်များတင်သွင်းနေသော Kolao Holdings မှ အမှုဆောင်အရာရှိဖြစ်သူ Oh Sei Young က ပြောကြားသည်။

images-30

ကိုရီးယားဇာတ်လမ်းတွဲများကို လူအများ၏ စိတ်ဝင်စားမှုကြောင့် ကိုရီးယားနိုင်ငံထုတ် ဟွန်ဒိုင်းမော်တော်ယာဉ်များ ဈေးကွက်အတွင်း အောင်မြင်လိမ့်မည်ဟု မျှော်လင့်ထားပြီး Hyundai Motor အနေနှင့် လာမည့်နှစ်အတွင်း Starex Van နှင့် Elantra small sedan အရေအတွက် ၁၅ဝဝ ကို မြန်မာနိုင်ငံတွင် ရောင်းချနိုင်ရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောဆိုသည်။

ဟွန်ဒိုင်းမော်တော်ယာဉ် ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လူတစ်ထောင်လျှင် မော်တော်ကားခြောက်စီးသာ ဈေးကွက်ဝေစုရရှိထားပြီး လာမည့် ၃ နှစ်မှ ၅ နှစ် အတွင်း ပြည်တွင်းဈေးကွက်အတွင်းရှိ မော်တော်ယာဉ်စုစုပေါင်း၏ ၁၅ % အထိရရှိရန် ရည်ရွယ်ထားကြောင်း အဆိုပါကုမ္ပဏီထံမှသိရှိရသည်။

ဟွန်ဒိုင်းမော်တော်ယာဉ်အရောင်းပြခန်းကို ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံတွင် သြဂုတ်လအတွင်းက စတင်ဖွင့်လှစ်ခဲ့ပြီး လာမည့် ၂ဝ၁၈ တွင် အဓိက မြို့ကြီးများတွင် အရောင်းကိုယ်စားလှယ် ၁၄ ဦးအထိ တိုးချဲ့သွားရန် စီစဉ်ထားကြောင်း အဆိုပါကုမ္ပဏီ၏ ပြောကြားချက်ကို ကိုးကား၍ Reuter သတင်းဌာနမှ တင်ပြသည်။

Hyundai Motor သည် ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံတွင် အရောင်းပြခန်းနှင့် အရောင်းကိုယ်စားလှယ် ၆ဝဝဝ ကျော်ရှိပြီး ကိုရီးယားနိုင်ငံတွင် အကြီးဆုံးမော်တော်ယာဉ်ကုမ္ပဏီကြီးဖြစ်ကြောင်း သိရှိရသည်။

The Voice Daily မှ ကူးယူဖော်ပြသည်။

Author